သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ် စစ်ကောင်စီအတည်ပြုမှု ကန် ဝေဖန်


 NLD အစိုးရလက်ထက်လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့၈၈ ငြိမ်းပွင့် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ
 NLD အစိုးရလက်ထက်လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့၈၈ ငြိမ်းပွင့် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ


[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို စစ်ကောင်စီကပါ အတည်ပြုခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် အပြစ်တင်တယ်လို့ ပြောကြားလိုက်ပါတယ်။

သူတို့ကို ကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ဂရုမစိုက်ဘူးဆိုတာ ထပ်မံပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က Twitter လူမှုကွန်ယက်ပေါ်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတယ်လို့လည်း ရေးသားခဲ့ပါတယ်။

အလားတူ ပြင်သစ်အစိုးရကလည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက ဆုံးဖြတ်တာဟာ ရက်စက်တဲ့ဆုံးဖြတ်ချက်ပြီး လွတ်လပ်ခွင့်အတွက် လှုပ်ရှားကာကွယ်သူတွေအပေါ် နောက်ထပ် ပစ်မှတ်ထားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ်သံရုံးကလည်း Facbook ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဘယ်နေရာမှာမဆို သေဒဏ်ကို ဆန့်ကျင်တယ်လို့လည်း ဖော်ပြထားပါတယ်။ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးပါလို့လည်း တောင်းဆိုထားပါတယ်။

ASEAN အဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သေဒဏ်ကို အကောင်အထည်မဖော်အောင် နည်းမျိုးစုံသုံး ကာကွယ်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကလည်း တောင်းဆိုလိုက်ပါတယ်။ တကယ်လို့သာ သေဒဏ်အတိုင်း သူတို့ကို ကွပ်မျက်ခဲ့မယ်ဆိုရင်တော့ သွေးအေးအေးနဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်လိမ့်မယ်လို့ APHR ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးကွက်မျက်ဖို့ သေဒဏ်ကို စစ်ကောင်စီအကြီးအကဲက အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ကုလသမဂ္ဂအပါအဝင် ခုလို တုံ့ပြန်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ စစ်တပ်က သူ့ရဲ့အာဏာ ခိုင်မာအောင် ရဲတင်းတဲ့ ရက်စက်မှုတွေ တိုးလုပ်နေတဲ့လုပ်ရပ်အဖြစ် မြင်သင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမာန်အမတ်များအဖွဲ့ ဥက္ကဋ္ဌက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============


[[Unicode]]







===============

XS
SM
MD
LG