သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကူညီရေးပစ္စည်းတွေ မြောက်ကိုရီးယားကို လေပူဖောင်းနဲ့ပို့


တောင်ကိုရီးယား ကူညီရေးပစ္စည်းတွေ မြောက်ကိုရီးယားကို လေပူဖောင်းနဲ့ပို့
တောင်ကိုရီးယား ကူညီရေးပစ္စည်းတွေ မြောက်ကိုရီးယားကို လေပူဖောင်းနဲ့ပို့

တောင်ကိုရီးယားဘက် ကူးပြောင်းသွားသူ အဖွဲ့ ၄ ဖွဲ့ကနေ စားစရာတွေနဲ့ တခြား ပစ္စည်းတွေ ချိတ်ဆွဲထားတဲ့ လေပူဖောင်းတွေကို မြောက်ကိုရီးယားဘက်ဆီ ဒီကနေ့ လွှတ်တင်ခဲ့ကြပါတယ်။

အင်ချွန်းမြို့အနီးကနေ အခုလို လေပူဖောင်းတွေ လွှတ်တင်တဲ့ကိစ္စမှာ သူတို့နဲ့အတူ တခြား ၃ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ပြည်သူ့လွတ်မြောက်ရေး တပ်ဦးကနေ ပြောဆိုပါတယ်။

ဘက်ပြောင်းသွားသူတွေကတော့ အလုံး ၂၀ ရှိတဲ့ လေပူဖောင်းကြီးတွေမှာ ကိတ်မုန့်တွေ၊ စီဒီပြားအသေးတွေနဲ့ သတင်းအချက်အလက် စက္ကူခေါက်လေးတွေကို ချိတ်ဆွဲထားတာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အခေါက် လွှတ်တင်ခဲ့တဲ့ လေပူဖောင်းတွေကိုတော့ မြောက်ကိုရီးယားဘက်က ပစ်ဖောက်ခဲ့ပြီးတော့ တောင်ကိုရီးယားဟာ နှစ်ဘက် စစ်ဖြစ်အောင်လို့ တမင်သက်သက် ရည်ရွယ်လုပ်ဆောင်တာလို့ ပြောရင်း ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကို ပစ်ခတ် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

XS
SM
MD
LG