သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားကို ရောက်

အမေရိကန်နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားကို ရောက်
အမေရိကန်နိုင်ငံရေးသမား Bill Richardson မြောက်ကိုရီးယားကို ရောက်

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံတင်းမာနေမှုတွေ လျော့ကျလာနိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်က ထင်ရှားတဲ့နိုင်ငံရေးသမား ဘီလ် ရစ်ချတ်ဆင် (Bill Richardson) ဟာ အခု မြောက်ကိုရီးယားကို ခရီးထွက်သွားပါတယ်။ အခုခရီးစဉ်ဟာ သူ့ရဲ့ ကိုယ်ပိုင်သံတမန်ရေး ဆောင်ရွက်မှုအနေနဲ့ သွားတဲ့ခရီးပါ။ မြောက်ကိုရီးယားကို သူခရီးထွက်ရတာနဲ့ပတ်သက်ပြီး အကျဉ်းချုပ်ကို တရုတ်ပြည်မှာ သတင်းသမားတွေကို ဒီကနေ့ပဲ ဘီလ် ရစ်ချတ်ဆင် ကပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သူကနေတဆင့် သတင်းစကားတခုခု ပေးချင်နေတယ်လို့ သူယူဆတဲ့အကြောင်း၊ အဲဒီသတင်းစကားဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ကြပြီး တင်းမာနေတဲ့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြားက အခြေအနေတွေကို လျော့ကျစေလိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း သတင်းသမားတွေကို ပြောခဲ့ပါတယ်။

သူ့ရဲ့အခုခရီးစဉ်မှာ အမေရိကန် အစိုးရရဲ့ သတင်းစကားကို သယ်သွားမှာမဟုတ်ဘဲ သူ့တဦးတည်း ဆောင်ရွက်မယ့်ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ သူရှိနေတုန်းကတော့ ကိုရီးယားနှစ်နိုင်ငံအရေးနဲ့ ပတ်သက်ပြီး သံတမန်ရေး ပြောဆိုမှုတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG