သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား နှင့် တရုတ် ပြဿနာပြေလည်ရေး ဆွေးနွေး


တောင်ကိုရီး ယားသမ္မတ Moon Jae-inနှင့် တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် Yang Jiechi
တောင်ကိုရီး ယားသမ္မတ Moon Jae-inနှင့် တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် Yang Jiechi

ကိုရီးယားကျွန်းဆွယ်အရေး နိုင်ငံရေးအရ ပြေလည်မှုတခုရအောင် လုပ်ဆောင်သွားဖို့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန် ကတိကဝတ်ပြုလိုက်ကြပါတယ်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ အထူးကိုယ်စားလှယ် Yang Jiechi နဲ့ တောင်ကိုရီး ယားသမ္မတ Moon Jae-in တို့ သောကြာနေ့က ဆိုးလ်မြို့တော်၊ သမ္မတအိမ်ပြာတော်မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အဲဒီလို ကတိပြုလိုက်ကြတာပါ။

Yang Jiechi ဟာ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်တဦးဖြစ်သလို ပါတီရဲ့ နိုင်ငံခြားရေးရာ ဗဟို ကော်မတီ၊ အထွေထွေဦးစီးရုံးရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်။

သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ရရှိထားတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ နှစ် နိုင်ငံဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ပိုကောင်းလာစေဖို့ဖြစ်တယ်လို့ Yang Jiechi ကပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jung-Un ရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်ပြီးတော့လည်း Yang Jiechi က တောင်ကိုရီးယား သမ္မတကို ပြောပြခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေးကို တရုတ် ကာလရှည်ကြာ ထောက်ခံလာတာဖြစ်ပါ တယ်လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်ဟာ အရေးကြီးတဲ့အခြေအနေတခုကို ရောက်နေပြီး တင်းမာမှုတွေတွေ လျော့လာနေပြီးတော့ တစုံလုံး အခြေအနေဟာ အကောင်းဘက်ကို ပြောင်းသွားနိုင်တယ်လို့ Yang Jiechi ကပြောပါတယ်။ ဒီကျွန်းဆွယ်မှာ နိုင်ငံရေးအရ ပြေလည်မှုတခုရလာစေရေးအတွက် တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်တွေအကြား ဆွေးနွေးပွဲ၊ မြောက်ကိုရီးယားနဲ့ အမေရိကန်ခေါင်းဆောင်တွေအကြား ဆွေးနွေးပွဲတွေ ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တရုတ် သမ္မတရဲ့ အထူးကိုယ်စားလှယ် Yang Jiechi က တိုက်တွန်းသွားပါတယ်။

တောင်ကိုရီးယား နှင့် တရုတ် ပြဿနာပြေလည်ရေး ဆွေးနွေး
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG