သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ ကလင်တန်ကြိုးပမ်း


တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ ကလင်တန်ကြိုးပမ်း
တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ ကလင်တန်ကြိုးပမ်း

တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။ နှစ်နိုင်ငံ အခွန်လွတ် ကုန်သွယ်ရေး သဘောတူညီ စာချုပ် အတည်ပြုရေး ကြိုးပမ်းချက်နဲ့ မြောက်ကိုရီးယား အရေး ပူးပေါင်းညှိနှိုင်းရေး မဟာဗျူဟာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မနေ့က ခရီးရောက်မဆိုက်ဆိုသလို ဝန်ကြီးကလင်တန်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆွန်ဝမ်န် (Kim Sung-hwan) နဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်ပြီး ပြီးပြတ်အောင် ဆောင်ရွက်ဖို့ စိတ်အားထက်သန်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ အခွန်လွတ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ကို ၂၀၀၇ ခုနှစ်က လက်မှတ်ရေးထိုး ခဲ့ကြပေမဲ့ သက်ဆိုင်ရာ လွှတ်တော်တွေရဲ့ အသိအမှတ်ပြု အတည်ပြုချက် မရရှိကြသေးဘူး၊ နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးအတွက် နောက်ဆုံးအဆင့်အထိ နီးစပ်နေပြီး ဒီကနေ့ ဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ အဖြေတွေ ရရှိလိမ့်မယ်လို့ ဝန်ကြီးကလင်တန်က မျှော်လင့်နေပါတယ်။

ဆက်လက်ပြီးတော့ မြောက်ကိုရီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပြန်လည် ပါဝင်လာအောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အကြီးတန်း တာဝန်ရှိသူတွေနဲ့ ဝန်ကြီးကလင်တန် ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားအရေး တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ ရုရှားစတဲ့ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့တာ တနှစ်ကျော်ခဲ့ပါပြီ။ နျူကလီးယား အစီအစဉ်တွေ ဖျက်သိမ်းတယ်ဆိုတဲ့ ယခင်က ပေးခဲ့တဲ့ ကတိတွေနဲ့အညီ မြောက်ကိုရီးယားက ရိုးသားစွာ သက်သေမပြမချင်း ဆွေးနွေးပွဲတွေ ပြန်မစနိုင်ဘူးလို့ အမေရိကန်နဲ့ တောင်ကိုရီးယားဘက်က ပြောထားပါတယ်။

XS
SM
MD
LG