သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရွေးကောက်ပွဲကနဦးရလဒ် Moon Jae-in အနိုင်ရ


တောင်ကိုရီးယားရွေးကောက်ပွဲကနဦးရလဒ် Moon Jae-in အနိုင်ရနေ

တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကနေ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Moon Jae-in က မဲအများဆုံးနဲ့ အနိုင်ရနေတဲ့အကြောင်း မဲရုံတွေမှာ မဲပေးပြီး ပြန်လာသူတွေ ကို မေးမြန်း ကောက်ယူထားတဲ့ ကနဦး လူထုစစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

ရွေးကောက်ပွဲအပြီး စစ်တမ်းတွေကို ကိုရီးယား ရုပ်သံဌာနတွေ ဖြစ်ကြတဲ့ KBS ၊ MBC နဲ့ SBS တို့က ကောက်ယူခဲ့ကြတာ ဖြစ်ပြီး မစ္စတာ Moon က မဲတွေရဲ့ ၄၁ ရာခိုင်နှုန်းကို အနိုင်ရနေတယ်လို့ စစ်တမ်းမှာ ပြနေတာပါ။ ဒါဟာ ရွေးကောက်ပွဲမတိုင်ခင်လုပ်ခဲ့တဲ့ လူထုစစ်တမ်းနဲ့လည်း ကိုက်ညီပါတယ်။ မစ္စတာ Moon ဟာ သူနဲ့ပြိုင်ဘက် သမ္မတလောင်း ၁၃ ယောက်ထက် လူထုထောက်ခံမှု ၂၀ ရာခိုင်နှုန်း ပိုရနေတဲ့အကြောင်းကို ရွေးကောက်ပွဲမတိုင်ခင် လူထုစစ်တမ်းတွေမှာ ဖော်ပြခဲ့တာပါ။

ဒေါ်လာသန်းပေါင်းများစွာ အဂတိလိုက်စားတဲ့ ဖြစ်ရပ်မှာ သမ္မတဟောင်း ပက်ဂွန်ဟေး ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး အဲဒီနောက် သမ္မတကို ရာထူးကနေ ဆင်းပေးဖို့ ရွေးကောက်ပွဲသစ်ကျင်းပပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့ပြီးတဲ့နောက် ကျင်းပတဲ့ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးသူအရေးအတွက်ဟယ သမိုင်းဝင်တဲ့အထိ များပြားခဲ့ပါတယ်။

မဲပေးခွင့်ရှိသူ ကိုရီးယားနိုင်ငံသား ၄၂ သန်း မဲပေးဖို့မှတ်ပုံတင်ခဲ့ကြပြီး ဒီအထဲက ၈၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြတဲ့အကြောင်း အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားပါတယ်။

ဒါကတော့ ၁၉၉၇ ခုနှစ်တုန်းက Kim Dae-jung သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေထဲက ၈၀.၇ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတဲ့ ဖြစ်ရပ်ပြီးရင် တောင်ကိုရီးယားမှာ မဲပေးသူ အများဆုံး ရှိခဲ့တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားရွေးကောက်ပွဲကနဦးရလဒ် Moon Jae-in အနိုင်ရနေ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG