သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား ႏုိင္ငံတကာ ႐ုပ္ရွင္ပဲြေတာ္မွာ ျမန္မာ့ေႏြဦး ၂၁ ဇာတ္လမ္းတို ျပသ


Jeonju International Film Festival - JIFF Logo (Credit: jeonjufest.kr)

(Zawgyi / Unicode)

ေတာင္ကုိရီးယားႏုိင္ငံမွာ က်င္းပေနတဲ့ ၂၂ ႀကိမ္ေျမာက္ Jeonju ႏုိင္ငံတကာ ႐ုပ္ရွင္ပြဲေတာ္ (Jeonju International Film Festival - JIFF) ကုိ ေသာၾကာေန႔က က်င္းပခဲ့တာမွာ ဒီ ႐ုပ္ရွင္ပြဲေတာ္မွာ ပါဝင္တဲ့ ဒါ႐ုိက္တာ ၈ ဦးက ျမန္မာ့ဒီမုိကေရစီအေရးကုိ ေထာက္ခံတဲ့အေနနဲ႔ ကုိရီးယားမွာရွိတဲ့ ျမန္မာ့ဒီမုိကေရစီအေရး လႈပ္ရွားမႈ ကြန္ရက္က ကုိယ္စားလွယ္ ၂ ဦးပါ တက္ေရာက္ခြင့္ ျပဳခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ ျပည္သူေတြက ဆန္႔က်င္ ဆႏၵျပၾကတာေတြကုိ မွတ္တမ္းတင္ ႐ုိက္ကူးထားတဲ့ “Burma Spring 21” - ျမန္မာ့ေႏြဦး ၂၁ လုိ႔ အမည္ေပးထားတဲ့ ႐ုပ္ရွင္ဇာတ္လမ္းတုိကုိ JIFF ႐ုပ္ရွင္ပြဲေတာ္ ဖြင့္ပြဲေန႔မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပသခဲ့ပါတယ္။

ျမန္မာ့ေႏြဦး ၂၁ ႐ုပ္ရွင္ဇာတ္လမ္းတုိကုိ ျပသၿပီးတဲ့ေနာက္မွာေတာ့ ဒါ႐ုိက္တာ ၈ ဦးက ျမန္မာ့ဒီမုိကေရစီအေရး လႈပ္ရွားမႈကုိ ေထာက္ခံတဲ့ ေၾကညာခ်က္ေတြကုိ တလွည့္စီ ဖတ္ၾကားျပခဲ့ၾကပါတယ္။

“ျမန္မာျပည္သူေတြ မုခ် ေအာင္ပြဲခံၾကရမွာပါ။ က်ေနာ္တုိ႔ရဲ႕ ပံ့ပုိးမႈ အေသးေလးနဲ႔ ေသြးစည္းညီညြတ္ေၾကာင္း ျပသမႈေတြဟာ သူတုိ႔ေအာင္ပြဲအတြက္ အေထာက္အကူ ျပဳပါလိမ့္မယ္။ က်ေနာ္တုိ႔ရဲ႕ စိတ္ပုိင္းနဲ႔ ႐ုပ္ပုိင္းဆုိင္ရာ ကူညီပံ့ပုိးေပးမႈေတြဟာ သူတုိ႔တုိက္ပြဲအတြက္ ခြန္အားတခု ျဖစ္ေစမယ္ဆုိတာ က်ေနာ္တုိ႔ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ ကၽြႏု္ပ္တုိ႔ဟာ အဆုံးသတ္ေအာင္ပြဲအထိ ျမန္မာျပည္သူေတြနဲ႔အတူ တသားတည္း ရပ္တည္သြားပါမယ္။ သူတုိ႔အတြက္ ကယ္ဆယ္ေရး ပစၥည္းေတြနဲ႔ ေန႔စဥ္လုိအပ္တဲ့ အသုံးအေဆာင္ေတြ က်ေနာ္တုိ႔ ပုိ႔သြားပါမယ္။ က်ေနာ္တုိ႔ေတြ သူတုိ႔ကုိ ရန္ပုံေငြ ေထာက္ပံ့ေပးပါမယ္။ က်ေနာ္တုိ႔ရဲ႕ အတိတ္က အေတြ႔အႀကံဳေတြကုိ သူတုိ႔ကုိ မွ်ေဝေပးသြားပါမယ္။ ေအာင္ပြဲအတူခံၾကတဲ့ သမုိင္းကုိ က်ေနာ္တုိ႔ တည္ေဆာက္သြားပါမယ္။” လုိ႔ ျမန္မာ့ဒီမုိကေရစီအေရး လႈပ္ရွားမႈကုိ ေထာက္ခံတဲ့ ေၾကညာခ်က္ကုိ ဒါ႐ုိက္တာေတြက အခမ္းအနားမွာ ဖတ္ၾကားခဲ့ပါတယ္။

ျမန္မာျပည္သူေတြကုိ ကူညီဖုိ႔အတြက္ ရန္ပုံေငြေတြလည္း ေကာက္ခံထားေၾကာင္း ႐ုပ္ရွင္ဒါ႐ုိက္တာတဦးျဖစ္သူ Lee Joon-dong က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တောင်ကိုရီးယား နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာ့နွေဦး ၂၁ ဇာတ်လမ်းတို ပြသ

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် Jeonju နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Jeonju International Film Festival - JIFF) ကို သောကြာနေ့က ကျင်းပခဲ့တာမှာ ဒီ ရုပ်ရှင်ပွဲတော်မှာ ပါဝင်တဲ့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံတဲ့အနေနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကွန်ရက်က ကိုယ်စားလှယ် ၂ ဦးပါ တက်ရောက်ခွင့် ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြကြတာတွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ “Burma Spring 21” - မြန်မာ့နွေဦး ၂၁ လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကို JIFF ရုပ်ရှင်ပွဲတော် ဖွင့်ပွဲနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။

မြန်မာ့နွေဦး ၂၁ ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသပြီးတဲ့နောက်မှာတော့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ကြေညာချက်တွေကို တလှည့်စီ ဖတ်ကြားပြခဲ့ကြပါတယ်။

“မြန်မာပြည်သူတွေ မုချ အောင်ပွဲခံကြရမှာပါ။ ကျနော်တို့ရဲ့ ပံ့ပိုးမှု အသေးလေးနဲ့ သွေးစည်းညီညွတ်ကြောင်း ပြသမှုတွေဟာ သူတို့အောင်ပွဲအတွက် အထောက်အကူ ပြုပါလိမ့်မယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေဟာ သူတို့တိုက်ပွဲအတွက် ခွန်အားတခု ဖြစ်စေမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွနု်ပ်တို့ဟာ အဆုံးသတ်အောင်ပွဲအထိ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်သွားပါမယ်။ သူတို့အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေ ကျနော်တို့ ပို့သွားပါမယ်။ ကျနော်တို့တွေ သူတို့ကို ရန်ပုံငွေ ထောက်ပံ့ပေးပါမယ်။ ကျနော်တို့ရဲ့ အတိတ်က အတွေ့အကြုံတွေကို သူတို့ကို မျှဝေပေးသွားပါမယ်။ အောင်ပွဲအတူခံကြတဲ့ သမိုင်းကို ကျနော်တို့ တည်ဆောက်သွားပါမယ်။” လို့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ကြေညာချက်ကို ဒါရိုက်တာတွေက အခမ်းအနားမှာ ဖတ်ကြားခဲ့ပါတယ်။

မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ရန်ပုံငွေတွေလည်း ကောက်ခံထားကြောင်း ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်သူ Lee Joon-dong က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG