သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးတွဲစက်မှုဇုံ တောင်ကိုရီးယားစစ်ဆေး


Women dressed in traditional attire pose as they take part in rehearsals for the "garba" dance ahead of Navratri festival in the western Indian city of Ahmedabad.
Women dressed in traditional attire pose as they take part in rehearsals for the "garba" dance ahead of Navratri festival in the western Indian city of Ahmedabad.
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ကေဆောင်း စက်မှုဇုံကို လေ့လာစစ်ဆေးဖို့အတွက် တောင်ကိုရီးယားဘက်က တာဝန်ရှိသူတွေ စနေနေ့မှာ မြောက်ကိုရီးယားဘက်ကို သွားရောက် ခဲ့ကြပါတယ်။ ကေဆောင်း စက်မှုဇုံ ပြန်ဖွင့်ဖို့အတွက် နှစ်ဘက် သဘောတူညီမှု ရလိုက်တဲ့နောက် အခု တောင်ကိုရီးယားဘက်က တာဝန်ရှိသူတွေ စက်မှုဇုံဝင်း ကို သွားရောက် စစ်ဆေးတာပါ။

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းတုန်းက မြောက်ကိုရီးယားဘက်ကနေ ကေဆောင်း စက်မှုဇုံမှာရှိတဲ့ သူတို့ရဲ့ လုပ်သား ငါးသောင်း သုံးထောင် ကို ပြန်လည်ခေါ်ယူ ခဲ့တဲ့နောက် နှစ်ဘက်ပူးပေါင်း ထူထောင်လုပ်ကိုင်နေတဲ့ ကေဆောင်းစက်မှုဇုံကို ပိတ်ထားလိုက်ရတာပါ။ အဲဒီတုန်းကတော့ တောင်ကိုရီးယားက အမေရိကန်နဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ လုပ်ပြီး အခြေအနေတွေကို တင်းမာအောင် ဖန်တီးတယ်ဆိုပြီး မြောက်ကိုရီးယားဘက်က စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

ဒီ စက်မှုဇုံကို ၂၀၀၄ ခုနှစ် ဖွင့်လိုက်ကတည်းကဆိုရင် ပထမဆုံးအကြိမ် ပိတ်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်ခြားအနီး မြောက်ကိုရီးယား ပိုက်နက်ထဲမှာ ရှိနေတဲ့ ဒီ စက်မှုဝင်း ပြန်လည် လည်ပတ်လုပ်ကိုင်နိုင်ရေး အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ အတော်လေး လုပ်ခဲ့ရပါတယ်။ အဲဒီနောက် ဗုဒ္ဓဟူးနေ့တုန်းက နှစ်ဘက်စလုံးက ဒီစက်မှုဇုံကို ပြန်ဖွင့်ဖို့ သဘောတူခဲ့ကြတာပါ။

ကေဆောင်းစက်မှုဇုံမှာ မြောက်ကိုရီးယားဘက်က ဈေးနှုန်းသက်သာတဲ့ လုပ်သားတွေကို အသုံးချပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေက စက်မှုပစ္စည်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။
XS
SM
MD
LG