သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ထိပ်သီး ၂ ဦး တတိယအကြိမ် တွေ့မည်


မြောက်နဲ့တောင် ကိုရီးယားခေါင်းဆောင်နှစ်ဦး ပန်မွန်ဂျုံမှာတွေ့ဆုံ လက်မှတ်ရေးထိုးကြကစဉ်။
မြောက်နဲ့တောင် ကိုရီးယားခေါင်းဆောင်နှစ်ဦး ပန်မွန်ဂျုံမှာတွေ့ဆုံ လက်မှတ်ရေးထိုးကြကစဉ်။

တောင် မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေကြား ၂၀၁၈ ခုနှစ်အတွင်း တတိယအကြိမ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့ကျရင် ပြုံယမ်းမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာ ကိုရီးယားနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ထိပ်သီး အစည်းအဝေးကို နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာရှိတဲ့ ပန်မွမ်ဂျူံကျေးရွာမှာ ကျင်းပပြီး မေလမှာ အရေးပေါ် ထိပ်သီးအစည်းအဝေးတခု ထပ်လုပ်ပါတယ်။ အဲဒီနောက် ဇွန်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ထိပ်သီး အစည်းအဝေးလုပ်ပြီးတဲ့နောက် အခုတခါ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ မြောက် ကိုရီးယားခေါင်းဆောင်တို့ ပြုံယမ်းမှာ ထိပ်သီးစည်းဝေးမှာပါ။

စင်္ကာပူထိပ်သီးအစည်းအဝေးပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းရှင်းရေးဆိုင်ရာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရမလာဘဲ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးမှုတွေ ကလည်း ရပ်ဆိုင်းနေပါတယ်။ ဒီအခြေအနေတွေကို ပြောင်းလဲပြီး တိုးတက်မှုရလာအောင် ရှေ့ဆက် လုပ်ဆောင်ဖို့အတွက် သမ္မတ Moon Jae-in အနေနဲ့ အပြင်းအထန် ရင်ဆိုင် လုပ်ဆောင် ရဖွယ် ရှိပါတယ်။ သမ္မတ Moon Jae-in ရဲ့ ပြုံယမ်းခရီးစဉ်ဟာ တောင်ကိုရီးယားခေါင်းဆောင်တဦးအနေနဲ့ ဆယ်နှစ် ကျော်အတွင်း ပထမဆုံး မြောက်ကိုရီးယားခရီးစဉ် ဖြစ်ပါလိမ့်မယ်။

အခုထိပ်သီးအစည်းအဝေးမှာ ထိပ်ဆုံးကပါဝင်မယ့် အကြောင်းအရာကတော့ ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ ပြီးဆုံးကြောင်း တရားဝင် ကြေညာချက်တခု ထုတ်ပြန်ရေးကိစ္စဖြစ်ပါတယ်။

ဒီကြေညာချက်ကို နှစ်ကုန်ပိုင်းမှာထုတ်ပြန်ဖို့ ကိုရီးယားနှစ်နိုင်ငံစလုံးက ပြောဆိုထားကြပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုကတော့ ဒီလိုကြေညာချက်မျိုး မထုတ်ခင်မှာ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းရှင်းရေးဆိုင်ရာ ခိုင်မာတဲ့ နောက်ထပ်လုပ်ဆောင်ချင်တွေ အရင်ဆုံးဖြစ်လာဖို့ လိုလားနေတာပါ။

ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်မယ်ဆိုရင် တောင်ကိုရီးယားမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ ကိုရုပ်သိမ်းရေး အမေရိကန်အတွက် ဖိအားပိုဖြစ်လာနိုင်တယ်လို့ လေ့လာသူ တချို့က သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG