သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားလူပ်ရှားသူတွေ မြောက်ပိုင်း နယ်စပ်မှာ ဝါဒဖြန့် စာရွက်တွေ ကျဲ


တောင်ကိုရီးယားနဲ့ မြောက်ကိုရီးှယားနယ်စပ်မှာ တောင်ကိုရီးယားလူပ်ရှားသူတွေက ဝါဒဖြန့်စာရွက် ထောင်ချီကျဲချခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးှယားနယ်စပ်မှာ တောင်ကိုရီးယားလူပ်ရှားသူတွေက ဝါဒဖြန့်စာရွက် ထောင်ချီကျဲချခဲ့ပါတယ်။
တောင်ကိုရီးယားတာဝန်ရှိသူတွေက သတိပေးထားပြီး မြောက်ကိုရီးယား ကလည်း
လက်တုန့်ပြန်မယ်လို့ ပြောထားတဲ့ကြားကပဲ တောင်ကိုရီးယား လှုပ်ရှားသူတွေဟာ ထောင်ပေါင်းများစွာသော ဝါဒဖြန့် စာရွက်တွေကို နယ်စပ်ဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲ ကျဲချခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့အနောက်ဘက် Ganghwa ကျွန်း တနေရာ ကနေ မြောက်ကိုရီးယားလွတ်မြောက်ရေး တိုက်ပွဲဝင်သူများအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက မိုးပျံပူဖောင်းတွေကို တနင်္လာနေ့မှာ ပို့ခဲ့ကြတာပါ။ ပထမစီစဉ်ထားတဲ့နေရာဆီ မသွားနိုင် အောင် တောင်ကိုရီးယားရဲတပ်ဖွဲ့က ပိတ်ဆို့ထားခဲ့ပြီး ခုနစ်နာရီအကြာမှာ အဲဒီလို လွှတ်တင်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ကိုတားဆီးဖို့ ကြိုးစားတဲ့ တောင်ကိုရီးယားအစိုးရရဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ်မရှိဘူးလို့ အခုလှုပ်ရှားမှုကို စီစဉ်သူ Pak Sang-hak က အစောပိုင်း မှာ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးခိုလှုံနေကြသူ အဖွဲ့တဖွဲ့နဲ့ တောင်ကိုရီးယား လုံခြုံရေးတပ်ဖွဲ့တွေဟာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုံရဲ့တောင်ဘက် Imjingak Park ပန်းခြံနားမှာ ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။
XS
SM
MD
LG