သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ဝါဒဖြန့် မိုးပျံပူဖောင်း မြောက်ကိုရီးယား ဘက် လွှတ်တင်


တောင်-မြောက် ကိုးရီးယား နယ်စပ်ပြမြေပုံ (ဇန်နဝါရီလ၊ ၂၀၁၆)
တောင်-မြောက် ကိုးရီးယား နယ်စပ်ပြမြေပုံ (ဇန်နဝါရီလ၊ ၂၀၁၆)

ဒီလအစောပိုင်းမှာ မြောက်ကိုရီးယားက nuclear လက်နှက် စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် ၂ ဘက်ကြား ဝါဒဖြန့်မှုတွေ အရှိန်မြင့်လာနေတဲ့အချိန်မှာ ဒီကနေ့တော့ မြောက်ကိုရီးယားက တောင်ကိုရီးယား နိုင်ငံထဲကို မိုးပြန်ပူပေါင်းတွေနဲ့ စာရွတ် တသန်း ပို့လွှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်နေ့မှာ hydrogen ဗုံး စမ်းသပ်လိုက်တယ်လို့ ကြေငြာခဲ့ပြီး နိုင်ငံတကာ အစိုးရတွေနဲ့ လေ့လာ အကဲခတ်တွေကတော့ သူတို့ပြောတာကို အပြည့်အဝ မယုံကြည်ပါဘူး။

စစ်ပွဲကြီးတခုအဖြစ် လွယ်လွယ် ကူကူ ရောက်သွားနိုင်တဲ့ စစ်ရေးထိပ်တိုက် ရင်ဆိုင်မှုမဖြစ်ကြပေမယ့် မြောက်နဲ့ တောင်ကိုရီးယားတို့ကြားမှာ စိတ်ဓာတ်ရေးရာ စစ်ဆင်မှုတွေ အပြိုင်အဆိုင် လုပ်နေကြပြီး စစ်အင်အားပြတဲ့အနေနဲ့ စစ်ဖက်ရေးရာ အပိုင်းမှာသရုပ်ပြနေကြတာပါ။

မြောက်ကိုရီးယားရဲ့ လက်နှက်စမ်းသပ်မှု ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်မဲ့နယ်မြေတလျှောက်က သူ့စခန်းတွေမှာ မြောက်ကိုရီးယား အစိုးရ ဆန့်ကျင်ရေးတွေနဲ့ Kpop သီချင်းတွေကို အသံချဲ့စက်နဲ့ အသံလွှင့်ခဲ့ ပါတယ်။

ဒါကို မြောက်ကိုရီးယားက လည်း တန်ပြန် အသံထုတ်လွှင့်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး တောင်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာရွတ်တွေကို မိုးပြန် ပူဖောင်းတွေနဲ့ လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG