သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာနိုင်


ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာနိုင်
ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ကောင်းလာနိုင်

မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်တိုးတက်စေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေဆဲဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ စိတ်ဆိုး ဒေါသထွက်မှုတွေကို ရှောင်ကြဉ်ဖို့ သူက သတိပေးလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေဟာ အပြောင်းအလဲ အချိုးအကွေ့ ကာလတစ်ခုကို ရောက်ရှိနေပြီလို့ တနင်္လာနေ့ နိုင်ငံကို ရုပ်သံကနေ နှစ်သစ်ကူးစကား ပြောဆိုရာမှာ မစ္စတာအီက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ဆွေးနွေးပွဲ စကားဝိုင်းဆီကို ရိုးရိုးသားသား ရောက်လာမယ်ဆိုရင် ကျနော်တို့လည်း အတူတွဲပြီးတော့ ကိုရီးယားကျွန်းဆွယ် ကဏ္ဍသစ်တစ်ရပ်ကို စတင်နိုင်ပါလိမ့်မယ်၊ ကျနော်တို့ နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိဖို့ သာယာစိုပြေဖို့အတွက် ယုံယုံကြည်ကြည်နဲ့ ဆွေးနွေး အဖြေရှာကြရပါလိမ့်မယ်လို့လည်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်အပြီး သားဖြစ်သူ ကင်မ်ဂျုံအွန်းကို စစ်ဦးစီးချုပ်နဲ့ ပါတီရဲ့ ခေါင်းဆောင်အဖြစ် ကြေညာခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား သမ္မတရဲ့ ပြောစကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ စစ်တပ်ကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့နဲ့ သေတဲ့အထိ မစ္စတာ ကင်မ် ကို ခုခံကာကွယ်ကြမယ်လို့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နှစ်သစ်ကူးအမှာစာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တိုက်ခိုက်လာမယ်ဆိုရင် ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်တယ်လို့ မစ္စတာ အီမြောင်ဘတ်က သတိပေးလိုက်ပါတယ်။

XS
SM
MD
LG