မတ်လ ၂၆ ရက်နေ့ က တောင်ကိုရီးယား ရေတပ်သား ၄၆ ယောက်သေဆုံးခဲ့ရတဲ့ စစ်သင်္ဘောနှစ်မြှုပ်မှုအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေထုတ်ပြန်တဲ့ အစီရင်ခံစာကို မြောက်ကိုရီးယားက ပယ်ချလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့  ပူးတွဲဦးဆောင် ပြုလုပ်တဲ့ အစီရင်ခံစာဟာ လုပ်ကြံအစီရင်ခံစာဖြစ်ပြီး၊ မြောက်ကိုရီးယားပေါ် တစုံတရာ လက်တုံ့ပြန်လာရင် တောင်ကိုရီးယားကို အပြည့်အဝစစ်ဆင် သွားမယ်လို့  မြောက်ကိုရီးယား ကာကွယ်ရေးကော်မရှင်က တုံ့ ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားလုပ် တော်ပီဒိုနဲ့ ပစ်လို့  ချိုနန်း စစ်သင်္ဘော ရေအောက်ထဲမှာ ပေါက်ကွဲပြီး အပိုင်းပြတ် နှစ်မြှုပ်ခဲ့ ရတာဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးမှုအာလုံးက သက်သေပြနေတယ်လို့  ချိုနန်းသင်္ဘော နှစ်မြှုပ်ခဲ့ရမှုနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့ မှာပါဝင်တဲ့  တောင်ကိုရီးယား တွဲဘက်ညွှန်ကြားရေးမှုး Yoon Duk Yong က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တခြားဖြစ်နိုင်ချေ မရှိဘူးလို့ လဲ Mr. Yoon က ပြောပါတယ်။ မြောက်ကိုရီးယားတို့ ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပူပေါင်း ဆောင်ရွက်မှုနဲ့  တုံ့ ပြန်ဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်က ကတိပြုခဲ့တယ်လို့  သမ္မတရုံးကပြောပါတယ်။
စစ်သင်္ဘောနစ်မြုပ်မှုနဲ့ ပါတ်သက်ပြီးမှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ မြောက်ကိုရီးယားဖက် က ဝန်ခံစေစေချင်တာဖြစ်တဲ့အကြောင်း
Austrlaia ဝန်ကြီးချုပ် Kevin Rudd နဲ့  တယ်လီဖုန်းပြောစဉ်မှာ တောင်ကိုရီးယားသမ္မတ အီမြောင်ဘခ် ပြောခဲ့တာကိုလဲ သမ္မတရုံးက ကိုကား ပြောကြားခဲ့ပါတယ်။
မတ်လ ၂၆ ရက်နေ့ က တောင်ကိုရီးယား ရေတပ်သား ၄၆ ယောက်သေဆုံးခဲ့ရတဲ့ စစ်သင်္ဘောနှစ်မြှုပ်မှုအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေထုတ်ပြန်တဲ့ အစီရင်ခံစာကို မြောက်ကိုရီးယားက ပယ်ချလိုက်ပါတယ်။