သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီယားတွင်း ကန် Patriot ဒုံးပစ်စင်များ ထပ်တိုးချထား


တောင်ကိုရီးယားနိုင်ငံ Pyeongtaek ရှိ၊ အမေရိကန် လေတပ်စခန်းမှ Patriot ဒုံးကျည်တစ်စင်းကို ဖေဖော်ဝါရီလ ၁၃ရက်နေ့က တွေ့ရစဉ်။ (AP Photo/Ahn Young-joon)
တောင်ကိုရီးယားနိုင်ငံ Pyeongtaek ရှိ၊ အမေရိကန် လေတပ်စခန်းမှ Patriot ဒုံးကျည်တစ်စင်းကို ဖေဖော်ဝါရီလ ၁၃ရက်နေ့က တွေ့ရစဉ်။ (AP Photo/Ahn Young-joon)

Patriot ဒုံးကျည်ပစ်လွှတ်တဲ့ မော်တော်ယာဉ်တွေကို တောင်ကိုရီယားနိုင်ငံတွင်းမှာ ယာယီသဘော အမေရိကန်ပြည်ထောင်စုက နောက်ထပ် တပ်ဖြန့်ချထားမှု လုပ်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုးရီးယားဘက်က နူ ကလီးယား လက်နက်စမ်းသပ်မှုတွေ ပြုလုပ်လိုက်တဲ့အတွက် တန်ပြန် ဆောင်ရွက်ချက် လည်းဖြစ်ပါတယ်။

မြောက်ကိုးရီးယားရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အမြဲအဆင်သင့်ဖြစ်အောင် အခုလို လုပ်ထားတာဖြစ်တယ်လို့ U.S. Eighth Army ဒုတိယဗိုလ်ချုပ်ကြီး Thomas Vandal ကပြောပါတယ်။ ပိုပြီးအဆင့်မြင့်တဲ့ ကာကွယ်ရေးစနစ် ဒုံးကျည်တွေကို ချထားနိုင်ဖို့ အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ လာမယ့် သီတင်းပတ် အတွင်း ဆွေးနွေးပွဲကျင်းပမှာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ အခုလို ယာယီသဘောနဲ့ ဒုံးပစ်ယာဉ်တွေကို တပ်ဖြန့်ချထားလိုက်တာဖြစ်ပါတယ်။

THAAD လို့ခေါ်တဲ့ ဒုံးကာကွယ်ရေးစနစ်တွေကို တောင်ကိုးရီးယားနိုင်ငံကို အမြန်ဆုံး ပေးပို့သွားဖို့ ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်နဲ့တောင်ကိုးရီးယားတို့က တရားဝင်ကြေငြာခဲ့ တာပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ဒုံးကာကွယ်ရေးစနစ်တွေကို ပေးပို့သွားမယ် ဆိုတဲ့ ဆွေးနွေးမှုတွေကို လာမယ့်သီတင်းပတ်လောက်ကို စောပြီး ကျင်းပ သွားနိုင်မယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်က သောကြာနေ့ကပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ နူကလီးယားဆိုင်ရာ လုပ်ငန်းတွေကို ဟန့်တားဖို့အတွက် ဘဏ္ဍာရေးအရ ပိတ်ဆို့ကန့်သတ်မယ့် ဥပဒေတရပ် အတည်ပြု လက်မှတ်ထိုးဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဆီရောက်ရှိနေပါပြီ။ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်တစ် လွှတ်တော်အမတ်အားလုံးက တခဲနက် သဘောတူညီခဲ့ကြတဲ့ ဒီဥပဒေကို မစ္စတာ အိုဘားမား ဗီတိုအာဏာသုံး ပယ်ချမယ့်ပုံ မရှိဘူးလို့လည်း အိမ်ဖြူတော်အရာရှိတွေက ဆိုပါတယ်။

XS
SM
MD
LG