သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားသင်္ဘောနှစ်မြှုပ်မှု ကမ္ဘာက တုန့်ပြန်သင့်


မြောက်ကိုရီးယားအပေါ် အပြစ်ဖို့နေကြတဲ့ တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်မှုအတွက် တကမ္ဘာလုံးက တုန့်ပြန်သွားဖို့ တာဝန်ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအပေါ် အပြစ်ဖို့နေကြတဲ့ တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်မှုအတွက် တကမ္ဘာလုံးက တုန့်ပြန်သွားဖို့ တာဝန်ရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်ပါတယ်။

၆ ရက်ကြာ အရှေ့အာရှဒေသ ၃ နိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံးအဖြစ် ဆိုးလ်မြို့မှာ ရောက်ရှိနေစဉ် တောင်ကိုရီးယား သမ္မတ Lee Myung-bak၊ နိုင်ငံခြားရေးဝန်ကြီး Yu Myung-hwa တို့နဲ့ ဒီကနေ့ အကျဉ်းရုံး ဆွေးနွေးမှုတွေအတွင်း ဝန်ကြီးကလင်တန် က ပြောဆိုလိုက်တာပါ။ မတ်လ ၂၆ ရက်နေ့က ချိုနန် သင်္ဘောကို တိုက်ခိုက်မှုဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တာမို့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လိုအပ်တဲ့အကြောင်းလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့လည်း သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်လို့ အဖြစ်အပျက်ကို မှန်မှန်ကန်ကန် သဘောပေါက်အောင် အထောက်အထားတွေကို အသေအချာ လေ့လာဆန်းစစ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေ အနေနဲ့ ရေရှည်စိမ်ခေါ်မှုဟာ မြောက်ကိုရီးယားရဲ့ ဦးတည်ချက် လမ်းကြောင်းကို ပြောင်းလဲဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijun ကတော့ သင်္ဘော နှစ်မြှုပ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရက လေ့လာနေတယ်လို့ ဘေဂျင်းမြို့တော်မှာ ပြောဆိုခဲ့တာပါ။ သောကြာနေ့မှာတော့ ဝန်ကြီးချုပ် ဝမ်ဂျားဘောင် ဆိုးလ်မြို့ကို သွားရောက်ပြီး တောင်ကိုရီးယားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG