နှစ်နိုင်ငံ နယ်နိမိတ်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်အောင် တောင်ကိုရီးယားနဲ့ သဘောတူထားတဲ့ စစ်ရေးသဘောတူညီချက်ကို ဖျက်လိုက်ပြီလို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
အငြင်းပွားနေတဲ့ အနောက်ဘက် ရေ နယ်နိမိတ်မှာ မတော်တဆ ရေတပ်ချင်း ပစ်ခတ်မှုတွေ မဖြစ်အောင် သဘောတူထားကြတဲ့ သဘောတူချက်ကို ဖျက်လိုက်တယ်ဆိုတာကို မြောက်ကိုရီးယားအစိုးရပိုင် သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ အငြင်းပွားမှု ဖြစ်နေတဲ့ ရေပိုင်နက်ထဲ ဝင်လာသမျှ တောင်ကိုရီးယား သင်္ဘောတွေကိုလည်း ချက်ချင်း တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယား စစ်တပ်က သတိပေးပါတယ်။
နှစ်နိုင်ငံ နယ်ခြားစစ်တပ်တွေ ထူထူထပ်ထပ် ချထားတဲ့နေရာကို ဖြတ်ကျော်လာမယ့် တောင်ကိုရီးယားတွေအတွက် လုံခြုံရေးအာမခံကိုလဲ ရုတ်သိမ်းတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယား အနောက်ဘက်ကမ်းလွန်မှာ ရေငုပ်သင်္ဘောရန် ကာကွယ်ရေး လေ့ကျင့်မှုကို တောင်ကိုရီးယားတို့ လုပ်တဲ့ ဒီနေ့မှာပဲ မြောက်ကိုရီးယားအစိုးရရဲ့  ကြေငြာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
လေ့ကျင်းခန်း လုပ်နေတဲ့ နေရာဟာ အငြင်းပွားနေတဲ့ ရေနယ်နိမိတ်ရဲ့ တောင်ဘက်စူးစူးမှာဖြစ်သလို အဲဒီမှာပဲ မတ်လ ၂၆ ရက်နေ့က ချိုနန်းစစ်သင်္ဘောနစ်ခဲ့ပြီး တောင်ကိုရီးယား ရေတပ်သား ၄၆ ယောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
နယ်စပ်တိုက်ခိုက်မှု ရှောင်ကျဉ်ရေးသဘောတူညီချက် မြောက်ကိုရီးယား ရုပ်သိမ်းလိုက်ပြီ
- VOA News
နှစ်နိုင်ငံ နယ်နိမိတ်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်အောင် သဘောတူထားတဲ့ စစ်ရေးသဘောတူညီချက်ကို မြောက်ကိုရီးယားက ပယ်ဖျက်လိုက်ပါတယ်။