သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်က ပြန်ပစ်ခတ်မယ်လို့ မြောက်ကိုရီယားသတိပေး

ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်က ပြန်ပစ်ခတ်မယ်လို့ မြောက်ကိုရီယားသတိပေး
ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်က ပြန်ပစ်ခတ်မယ်လို့ မြောက်ကိုရီယားသတိပေး

တကယ်လို့ တောင်ကိုးရီးယားအနေနဲ့ စီစဉ်ထားတဲ့အတိုင်း ကျည်ဆံံအစစ်တွေသုံးပြီး လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မယ်ဆိုရင် မြောက်ကိုးရီးယားဘက်ကလဲ လက်တုံ့ပြန်ရလိမ့်မယ်လို့် သတိပေး ပြောဆိုလိုက်ပါတယ်။

မြောက်ကိုးရီယားအနေနဲ့ ပြီးခဲ့တဲ့လက Yeonpyeong ကျွန်းကို ပစ်ခတ်မှုထက်ပိုပြီး ပြင်းထန်ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို လုပ်ရလိမ့်မယ်လို့ မြောက်ကိုးရီးယား စစ်တပ်ကိုကိုးကားပြီး အစိုးရသတင်းဌာနတခုဖြစ်တဲ့ Korean Central News Agency က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြောက်ကိုးရီးယားနဲ့ တင်းမာမှုကြီးထွားလာစေနိုင်တဲ့ ကျည်ဆံအစစ်တွေသုံးပြီး လက်နက်ကြီး စစ်ရေးလေ့ကျင့်မှုမလုပ်ဖို့ တောင်ကိုးရီးယားကို တိုက်တွန်းလိုက်ပါတယ်။

ရာသီဥတုအခြေအနေပေါ်မှာ မူတည်ပြီး စနေနဲ့အင်္ဂါနေ့ကြားမှာ Yeonpyeong ကျွန်းမှာ တရက်ကြာ လက်နက်ကြီး ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ တောင်ကိုးရီးယားဘက်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG