သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ဆက်ဆံရေးအားလုံး မြောက်ကိုရီးယား ဖြတ်တောက်


တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ဆက်သွယ်ရေးတွေအားလုံးကို ဖြတ်လိုက်ပြီလို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားကြောင့် တောင်ကိုရီးယားစစ်သင်္ဘော နစ်မြုပ်သွားခဲ့တဲ့အပေါ် တောင်ကိုရီးယားအစိုးရက အရေးယူဒဏ်ခတ်မှုတွေ လုပ်တာကို မြောက်ကိုရီးယားဘက်က အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ဆက်ဆံရေး ဖြတ်လိုက်တယ်ဆိုတာကို ဖော်ပြထားတဲ့ မြောက်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်ကိုတော့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းစဉ်က ဖော်ပြထားပါတယ်။

တခါ မြောက်ကိုရီးယားရဲ့ ရေပိုင်နက်ထဲကို ပြီးခဲ့တဲ့ဆယ်ရက်အတွင်းမှာ တောင်ကိုရီးယား ရေတပ်သင်္ဘောတွေက အကြိမ်ပေါင်းများစွာ ကျူးကျော် ၀င်ထွက်မှုတွေ လုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားစစ်တပ်က အစောပိုင်းတုန်းက စွပ်စွဲခဲ့ပါတယ်။

နောက်ထပ် ကျူးကျော်မှုတွေကို စစ်ရေးနဲ့ တုံ့ပြန်သွားမယ်လို့လည်း မြောက်ကိုရီးယားက သတိပေးပါတယ်။

တောင်ကိုရီးယား Cheonan စစ်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဘက်က လက်တုံ့ပြန်ရေးအစီအစဉ်တွေကို တနင်္လာနေ့တုန်းကပဲ ကြေညာခဲ့ပါတယ်။

ရေတပ်သားပေါင်း ၄၆ ယောက် သေဆုံးသွားခဲ့တဲ့ Cheonan သင်္ဘောအောက်ပိုင်း နစ်မြုပ် ပေါက်ကွဲမှုဟာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောရဲ့ တိုက်ခိုက်မှုကြောင့်လို့ နိုင်ငံတကာ စုံစမ်း စစ်ဆေးသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းကပဲ ပြောခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG