သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား စစ်တပ် အသင့် အနေအထား တပ်လှန့်


တောင်ကိုရီးယားစစ်တပ်ဘက်ကလည်း အသင့်ပြင်ဆင်ထား။ ( သြဂုတ် ၂၁၊ ၂၀၁၅)

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ နယ်စပ်အနီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် စစ်မျက်နှာပြင် တိုက်ခိုက်မှုတွေမှာ အဆင်သင့်ဖြစ်နေအောင် သူ့တပ်ဖွဲ့တွေကို ပြင်ဆင် ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း က ပြောဆိုခဲ့ ထားပြီး မြောက်ကိုရီးယား စစ်တပ်ကို တပ်လှန့်ထားပါတယ်။

မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင်နဲ့ ဒီကနေ့ သောကြာနေ့မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးတဲ့နောက် မစ္စတာ ကင်မ် က ခုလို ပြောဆိုခဲ့တဲ့ အကြောင်း မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ကြေညာပါတယ်။

ရှေ့တန်းစစ်မျက်နှာက တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီကနေ့ ညနေ ၅ နာရီကစလို့ စစ်ဖြစ်နေတဲ့ အနေအထားကို ရောက်လာပြီလို့လည်း သူက ပြော ပါတယ်။တောင်ကိုရီးယားနိုင်ငံ ကလည်း သူ့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို အမြင့်ဆုံးအထိ တိုးမြင့်ထားပြီး အချိန်မရွေး အန္တရာယ်နဲ့ တိုက်ခိုက်မှုတွေ ကြုံလာရနိုင်တယ်လို့ သတိပေးထားပါတယ်။

လူတွေ ဘေးကင်းလုံခြုံမှုရှိရေး ဦးစားပေး ဆောင်ရွက်နေတာမို့ နှစ်နိုင်ငံ ပူးတွဲ လည်ပတ်နေတဲ့ စက်မှုဇုံကို ၀င်ရောက် သွားလာတဲ့ နိုင်ငံသား အရေအတွက်ကိုလည်း တောင်ကိုရီးယားက ကန့်သတ်ထားတဲ့ အကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောခွင့်ရက ပြောပါတယ်။

အနောက်ဘက်နယ်စပ်မှာရှိတဲ့ တောင်ကိုရီးယား စစ်စခန်းတခု ကို မြောက်ကိုရီးယား က မနေ့က ကြာသပတေးနေ့မှာ အမြောက်ကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာက နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ အခြေအနေ ပိုပြီး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြကြ။
စစ်ဆန့်ကျင်ရေး ဆန္ဒပြကြ။

ခုချိန်ထိတော့ နှစ်ဘက်စလုံးမှာ ထိခိုက် ဒဏ်ရာ ရတဲ့အကြောင်း မကြားရသေးပါဘူး။ ဒီအတောအတွင်း မြောက်ကိုရီးယားရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ တောင်ကိုရီးယား နိုင်ငံသားတချို့ ဆိုးလ်မြို့တော်မှာ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG