သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ပဋိပက္ခအရေး ဆွေးနွေးဖို့ ဝန်ကြီးကလင်တန် ဆိုးလ်မြို့ရောက်


တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုကိစ္စကို ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hilary Clinton ဟာ ဆိုးလ်းမြို့ကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အဆက်ဖြတ်လိုက်ဖို့ ပြောပြီး တစ်ရက်အကြာမှာ သွားရောက်မှာပါ။

အင်္ဂါနေ့က ဘေကျင်းမှာ ဆွေးနွေးခဲ့ရာမှာ၊ မတ်လအတွင်းက တောင်ကိုရီးယား ရေတပ်သင်္ဘော အနှစ်မြုပ်ခံခဲ့ရတာကြောင့် မြောက်ကိုရီးယားကို တုံ့ပြန်ရာမှာ နိုင်ငံတကာက အရေးယူ ဆောင်ရွက်မှာကို ထောက်ခံဖို့ တရုတ်နိုင်ငံကို ဝန်ကြီး ကလင်တန်က တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားက တော်ပီဒို နဲ့ တိုက်ခိုက်တဲ့အတွက် သင်္ဘောနစ်မြုပ်ပြီး သဘောၤသား ၄၆ ယောက် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြဖို့ စီစဉ်ထားတယ်လို့ ဆိုးလ်မြို့မှာ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ် ရေပြင်မှာ ရေငုပ်သင်္ဘောကို တန်ပြန်တိုက်ခိုက်ရေး လေ့ကျင့်မှု လုပ်တဲ့အခါ၊ စစ်သင်္ဘော ၁၀ စင်း ချထားမယ်လို့ တောင်ကိုရီးယားက အင်္ဂါနေ့ က ကျေညာခဲ့ပါတယ်။ မကြာမီ အချိန်မှာ တောင်ကိုရီးယားနဲ့အတူ ပူးတွဲ စစ်ရေး လေ့ကျင်မယ်လို့ အမေရိကန်က ပြောထားပါတယ်။

XS
SM
MD
LG