သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာဒုက္ခသည်တချို့ တောင်ကိုရီးယား လက်ခံမည်


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။

တောင်ကိုးရီးယား နိုင်ငံရဲ့ ပထမဆုံး ဒုက္ခသည်ခေါ်ယူနေရာချထားရေးအစီအစဉ်နဲ့ ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည် ၃၀ ကို ခေါ်ယူနေရာချထားပေးမှာ ဖြစ်ပါတယ်။

နယ်စပ် ဒုက္ခသည်စခန်းတခုက ကရင်ဒုက္ခသည်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်ရုံးရဲ့ အကူအညီနဲ့ ရွေးချယ်စီစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ တောင်ကိုရီးယားတရားရေးဌာနက ပြောပါတယ်။ သူတို့ကို လာမယ့် ဒီဇင်ဘာလမှာ ခေါ်ဆောင်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ဒုက္ခသည်ခေါ်ယူနေရာချထားရေးအစီအစဉ်ကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်လိုက်ပြီးနောက် အခု UNHCR ရဲ့ ဒုက္ခသည်အစီအစဉ်နဲ့ ဒီကရင်ဒုက္ခသည်တွေ ကို ခေါ်ဆောင်မှာပါ။ တောင်ကိုရှိးယားအစိုးရဟာ ဒုက္ခသည်ဥပဒေကို ပြဌာန်းတဲ့ ပထမဆုံးအာရှိနိုင်ငံဖြစ်ပါတယ်။ ဒီဥပဒေအရပဲ UNHCR ရဲ့ အကြံပြုချက်နဲ့ ဒုက္ခသည်တွေကို ခေါ်ယူနေရာချထားပေးမှာပါ။

ဒုက္ခသည်တွေကို ခေါ်ယူနေရာချထားပေးတဲ့ အာရှနိုင်ငံတွေထဲမှာဆိုရင် ဂျပန်က ၂၀၁၀ မှာ ပထမဆုံးခေါ်ယူတာဖြစ်ပြီး တောင်ကိုရီးယားကဒုတိယမြောက်ခေါ်ယူတာပါ။ အခုခေါ်ယူတဲ့ ဒုက္ခသည် အယောက် ၃၀ ကို F2 ပြည်ဝင်ခွင့် ဗီဇာပေးမှာ ဖြစ်ပြီး အဲဒီ ဗီဇာအရ သူတို့ရောက်လာရင် အလုပ်လုပ်ခွင့်ရမှာပါ။

ရောက်လာတဲ့ ဒုက္ခသည်တွေဟာ ကိုရီးယားဘာသာစကားသင်ယူရမှာ ဖြစ်ပြီး အစိုးရရဲ့ ဒုက္ခသည်ထောက်ပံ့ရေးစခန်းမှာ တနှစ် အလုပ်သင်အဖြစ်နေထိုင်လေ့လာပြီး နောက်မှ အစိုးရက သူတို့ကို တနေရာရာမှာ အတည်နေရာချပေးမှာ ဖြစ်ပါတယ်။ မြန်မာတွေဟာ ကိုရီးယားတွေနဲ့ အခြေခံယဉ်ကျေးမှု တူပြီး တောင်ကိုရီးယားမှာ ရှိပြီးသား မြန်မာတွေလည်း အခြေတကျရှိနေတာမို့ အခုရောက်လာတဲ့လူသစ်တွေအနေနဲ့ ကိုရီးယား လူ့ဘောင်အသိုင်းအဝိုင်းမှာ ပိုပြီးလွယ်လွယ်ကူကူဝန်ဆန့်မယ်လို့ ယူဆကြောင်း တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

XS
SM
MD
LG