သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားစစ်ပြေငြိမ်း အနှစ် ၆၀ ပြည့်ဆင်နွှဲ


ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့်အခမ်းအနား တက်ရောက် လာကြတဲ့ ကိုရီးယားစစ်ပြန်တချို့။ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃)။
ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့်အခမ်းအနား တက်ရောက် လာကြတဲ့ ကိုရီးယားစစ်ပြန်တချို့။ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃)။
၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ စစ်ပြေငြိမ်းမှု အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အဖမြေ လွတ်မြောက်ရေးစစ်ပွဲမှာ အောင်မြင်မှုရတဲ့နေ့လို့ မြောက်ကိုရီးယားတို့ ဆိုတဲ့ စနေနေ့မှာ ဒီနေ့မှာ စစ်ရေးပြပွဲကြီးကို လုပ်တာပါ။ ပြုံယမ်းမြို့တော်က Kim Il Sung ရင်ပြင်ကို ဖြတ်ပြီး စစ်သားတွေ၊ တင့်ကားတွေ ဒုံးလက်နက်တွေ တင်ဆောင်ထားတဲ့ ယဉ်တွေက စီတန်းစစ်ရေးပြတာကို မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံ့အွန်း က စင်မြင့်ပေါ်ကနေ ဗိုလ်ရှုခံပါတယ်။

သူနဲ့အတူ မြောက်ကိုရီးယားပါတီနဲ့ စစ်တပ်က ထိပ်တန်းခေါင်းဆောင်တွေအပြင် တရုတ် ဒုတိယသမ္မတ LI Yuanchao တို့လည်း အတူ ရှိနေကြပါတယ်။ ကင်မ်ဂျုံအွန်းက စစ်ရေးပြတပ်ကို ပြန်ပြီးအလေးပြုချိန်မှာ ကောင်းကင်ကနေ ရဟတ်ယာဉ်တွေ တိုက်လေယဉ်တွေ က ဂုဏ်ပြု ပျံသန်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ စစ်ပြေငြိမ်းမှု အထိမ်းအမှတ်အဖြစ် သမ္မတ ပက်ဂွန်ဟေး က မိန့်ခွန်းပြောခဲ့ပါတယ်။ စစ်ပွဲနဲ့ဆိုင်တဲ့ သမိုင်းတွေကို ပြသ တဲ့ ပြခန်းတခုကို ဖွင့်လှစ်ထားသလို မြောက်ကိုရီးယားဆန့်ကျင်တဲ့ လူထုအင်အားပြပွဲတခုကိုလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG