သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ပိုင်းနဲ့ အမြန်ဆုံး ဆွေးနွေးဖို့ မြောက်ကိုရီးယား တောင်းဆို

A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.
A church is surrounded by blossoming fields of oilseed rape at the village of Strupcice, near the city of Most, Czech Republic.

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ပါးစေဖို့အတွက် တောင်ကိုရီးယား နိုင်ငံနဲ့ သတ်မှတ်ချက် မထားဘဲ စောစောစီးစီး ဆွေးနွေး ပြောဆိုမှုတွေ လုပ်ဖို့ လိုလားတယ်လို့ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို နိုင်ငံပိုင် သတင်းမီဒီယာတွေက ဗုဒ္ဓဟူးနေ့ကပဲ ဖော်ပြခဲ့တာပါ။

ကိုရီးယား ၂ နိုင်ငံကြား အနာဂတ် ဆက်ဆံရေးအတွက် ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တောင်ကိုရီးယား တာဝန်ရှိသူတွေကတော့ မြောက်ကိုရီးယား အနေနဲ့ အပြောထက် အလုပ်နဲ့ ပြဖို့လိုတယ်လို့ ပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတုန်းကတော့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kim Sung-hwan က မြောက်ကိုရီးယားနဲ့ တိုက်ရိုက် စကားပြောဆိုဖို့ အားပေးကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုတွေကနေ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်တွေအတွက် ၆ ပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စနိုင်မယ့် အခြေအနေကောင်း တရပ်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်ခ် (Lee Myung-bak) ကတော့ ဆွေးနွေးဖို့အတွက် လမ်းဖွင့်ထားပေမဲ့ မြောက်ကိုရီးယားဘက်က ရန်စမှု အသစ်တွေ လုပ်လာရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တနင်္လာနေ့တုန်းက နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG