သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဖြစ်မှာ မစိုးရိမ်ဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း


စစ်ဖြစ်မှာ မစိုးရိမ်ဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း
စစ်ဖြစ်မှာ မစိုးရိမ်ဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း

မြောက်ကိုရီးယားနဲ့ စစ်ဖြစ်မှာကို တောင်ကိုရီးယား ပြည်သူတွေ မစိုးရိမ်ကြဖို့နဲ့ မြောက်ကိုရီးယားဘက်က တိုက်ခိုက်မှု တစုံတရာ ရှိလာခဲ့ရင် တောင်ကိုရီးယားရဲ့ စစ်တပ်က အပီအပြင် တုံ့ပြန်သွားမှာ ဖြစ်တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ် (Lee Myung-bak) က သူ့ရဲ့ပြည်သူတွေကို ပြောလိုက်ပါတယ်။ တနင်္လာနေ့တိုင်း ရေဒီယိုကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ သမ္မတရဲ့ မိန့်ခွန်းထဲမှာ အခုလို ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ရန်လိုမှုကို ရင်ဆိုင်နိုင်ဖို့ အမျိုးသား ညီညွတ်ရေး ရှိကြဖို့ကိုလည်း လိုအပ်တယ်ဆိုပြီး သမ္မတက မေတ္တာရပ်ခံပါတယ်။

ပြီးခဲ့တဲ့လက တောင်ကိုရီးယား နိုင်ငံဘက်ကို လက်နက်ကြီးတွေနဲ့ မြောက်ကိုရီးယားဘက်က ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အကြားမှာ တင်းမာမှုတွေက အမြင့်ဆုံး အခြေအနေကို ရောက်လာနေခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားဘက်က စစ်ရေးလေ့ကျင့်မှုတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုတွေဟာ ဆင်ခြင်တုံတရား မရှိတဲ့ ရန်စမှုပဲ ဖြစ်တယ်၊ သည်းခံမှု ဆိုတာက အတိုင်းအတာ ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံမှာ အဓိကကျတဲ့ သတင်းစာထဲမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မတရားသဖြင့် လုပ်လာမယ် ဆိုရင်တော့ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်လို့လည်း ပြီးခဲ့တဲ့ အပတ်တုန်းက မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။ စစ်ဖြစ်မှာကို စိုးရိမ်တာဟာ ကာကွယ်ရေးအတွက် တိုက်မယ့် စစ်ပွဲအတွက် ဘယ်တော့မှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတက သူ့ရဲ့မိန့်ခွန်းထဲမှာ ဒီကနေ့ ပြောခဲ့ပါသေးတယ်။

XS
SM
MD
LG