သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ၂ နိုင်ငံ ပူးတွဲစက်မှုဇုံအရေး ပြန်ဆွေးနွေးတော့မည်


နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံမှာရှိတဲ့ Panmunjom ကျေးရွာကို နှစ်ဘက် တပ်ဖွဲ့များ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)။
နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံမှာရှိတဲ့ Panmunjom ကျေးရွာကို နှစ်ဘက် တပ်ဖွဲ့များ စောင့်ကြပ်နေပုံ။ (ဧပြီလ ၂၃ ရက်၊ ၂၀၁၃)။
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံအကြား ပူးတွဲစီးပွားရေးစီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန် ဘယ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတဲ့ အရေးနဲ့ပတ်သက်လို့ သဘောတူညီမှု ရခဲ့ကြပြီဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ၂ နိုင်ငံနယ်ခြားသတ်မှတ်ပြီး လုံခြုံရေးထူထူထပ်ထပ် ချထားတဲ့ ပန်မွန်ဂျွန် (Panmunjom) ရွာမှာ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေး စကားပြောဆိုဖို့ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဘက်ကနေ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက မမျှော်လင့်ဘဲ ကေဆောင်း စက်မှုဇုံ ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးစကားပြောဆိုဖို့ ကမ်းလှမ်းလာခဲ့တာပါ။ ၂ နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုံကို ဧပြီလအတွင်းမှာ ပိတ်ပစ်ခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ပြီးတော့ အလည်အပတ်ခရီးသွားနေတဲ့ ကွမ်ဂမ်း အပမ်းဖြေ စခန်းကို ပြန်လည် သွားရောက်ရေးကိစ္စကိုလည်း ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံက အလည်အပတ် ခရီးသွားရောက်ခဲ့သူ တဦးကို မြောက်ကိုရီးယားစစ်တပ်က ပစ်ခတ်တဲ့အတွက် သေဆုံးခဲ့ ပြီးတဲ့နောက် အဲဒီအရပ်ကို ခရီးသွားလာမှုအပေါ် တောင်ကိုရီးယားဘက်က ရပ်တန့်ပစ်ခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့တော်မှာ ဝန်ကြီးအဆင့် ဆွေးနွေးရအောင် ဆိုပြီး တုံ့ပြန်ခဲ့ပေမဲ့၊ မြောက်ကိုရီးယား နိုင်ငံဘက်က အလောသုံးဆယ် မဟုတ်ဘဲ အောက်ခြေအဆင့် ဆွေးနွေးမှု ပြုလုပ်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG