သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား အဆင့်မြင့်ဆွေးနွေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း


တောင်နဲ့ မြောက်ကိုရီးယားအကြား အဆင့်မြင့် အရာရှိတွေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ရက်အကန့်အသတ် မရှိ ရွေ့ဆိုင်းထားလိုက်တဲ့အကြောင်း တောင် ကိုရီးယားက ပြောပါတယ်။ ဆွေးနွေးပွဲကို ဘယ်သူ ဦးဆောင် တက်ရောက်မလဲဆိုတဲ့အပေါ် သဘောတူညီမှု မရနိုင်တဲ့အတွက် အခုလို ရက်ရွေ့ဆိုင်းလိုက်တာလို့ ဆိုပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဝန်ကြီးက ဦးဆောင် တက်ရောက်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က ကိုယ်စားလှယ်အဖွဲ့ မပို့ဘူးလို့ ပြောခဲ့တဲ့အကြောင်း တောင်ကိုရီးယား
ပြန်လည် ပေါင်းစည်ရေး ဝန်ကြီဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae ဦးဆောင် တက်ရောက်တာကို မြောက်ကိုရီးယားဘက်က လိုလားနေတာပါ။

နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေကို ဘယ်အဆင့်ရှိတဲ့ ကိုယ်စားလှယ်က ဦးဆောင်တက်ရောက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး တောင်နဲ့ မြောက်ကိုရီးယားက ကိုယ်စားလှယ်အဖွဲ့တွေ နယ်စပ်မြို့တခုဖြစ်တဲ့ Panmunjom မှာ တနင်္ဂနွေနေ့တုန်းက အလုပ်သဘော တွေ့ဆုံ ညှိနှိုင်းခဲ့ကြတာပါ။

ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် တွေ့ဆုံ ဆွေးနွေးမှုဟာ လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း အထူးခြားဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မှာပါ။
XS
SM
MD
LG