သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်း တုံ့ပြန်မည် မဟုတ်


တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်း တုံ့ပြန်မည် မဟုတ်
တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု မြောက်ပိုင်း တုံ့ပြန်မည် မဟုတ်

မြောက်ကိုရီးယားနိုင်ငံရဲ့ ကမ်းရိုးတန်း ဒေသကနေ ကီလိုမီတာ အနည်းငယ် အကွာအဝေးမှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးုယားရဲ့ ကျည်ဆန်အစစ်သုံးပြီး လက်နက်ကြီး စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနိုင်ငံက တုံ့ပြန်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

စောစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ဒီလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ပြောခဲ့ပေမဲ့ ဒီလေ့ကျင့်မှုဟာ မြောက်ကိုရီးယားဘက်က တုံ့ပြန်ရအောင် ထိုက်တန်တဲ့ကိစ္စ မဟုတ်ဘူးလို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာနက တနင်္လာနေ့က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဘက်က ပြည်သူတွေကို ဗုံးခိုကျင်းတွေထဲမှာ ပြောင်းရွှေ့ ခိုလှုံစေခဲ့ပြီး ယောင်ဗြောင်းကျွန်းပေါ်မှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်သုံး မိနစ် ၉၀ ကြာ စစ်ရေးလေ့ကျင့်မှု အပါအဝင် လေယာဉ်ပစ်ကျည် ၁,၅၀၀ ပစ်ခတ် လေ့ကျင့်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြေအောက် ဗုံးခိုကျင်းတွေထဲမှာရှိတဲ့ သတင်းထောက်တွေက လေ့ကျင့်မှု လုပ်နေတဲ့ အတောအတွင်းမှာ မြေကြီးရဲ့ တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ယောင်ဗြောင်းကျွန်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ တောင်ကိုရီးယားဘက်က ပိုပြီးတော့ ဝေးကွာတဲ့ ပင်လယ်ဘက်ကို ပစ်ခတ် လေ့ကျင့်ခဲ့တာမို့ မြောက်ကိုရီးယားက လက်တုံ့ပြန်မှု မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်ကို ကိုးကားထားတဲ့ AP သတင်းဌာနရဲ့ အဆိုအရ ဒီတကြိမ်မှာလည်း အရင်လ လေ့ကျင့်တုန်းကလိုပဲ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားနဲ့ ဝေးကွာတဲ့ ပစ်မှတ်ကိုပဲ အသုံးပြုခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG