သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား နျူကလီးယားသုံးရန် အသင့်


မြောက်ကိုရီးယား နျူကလီးယားသုံးရန် အသင့်
မြောက်ကိုရီးယား နျူကလီးယားသုံးရန် အသင့်

တောင်ကိုရီးယားနိုင်ငံက နောက်ထပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေစဉ်မှာပဲ တောင်နဲ့မြောက် ၂ ဘက်အကြား အပြန်အလှန် တုံ့ပြန် ပြောဆိုမှုတွေလည်း တိုးလာနေပါတယ်။

ရန်စတဲ့ အပြုအမူတွေ လုပ်ရင် နျူကလီးယား စွမ်းရည်ကို အသုံးပြုပြီး မြင့်မြတ်တဲ့စစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့် ရှိနေတယ်လို့ မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြောဆိုလိုက်တာပါ။

စစ်မက်ဖြစ်ပွားမယ့် အခြေအနေတွေကို ရောက်အောင် တောင်ကိုရီးယားက တွန်းပို့နေတယ်လို့လည်း မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ဝန်ကြီး ကင်မ်ယုံချွန်း (Kim Yong Chun) ကို ကိုးကားပြီး မြောက်ကိုရီးယား သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။

နယ်စပ်ဒေသအနီးက စစ်အခြေစိုက် စခန်းကို သွားရောက်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက်ခ် (Lee Myung-bak) ကလည်း မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု အသစ်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ စိတ်ရှည်ဖို့ လိုမယ်လို့ ထင်ခဲ့တာဟာ မှားယွင်းတယ်လို့လည်း တောင်ကိုရီးယား သမ္မတက ပြောခဲ့တာပါ။ တောင်ကိုရီးယားကတော့ နောက်ဆုံးအကျော့ စစ်ရေးလေ့ကျင့်မှုတွေကို ကြာသပတေးနေ့က မြေပြင်နဲ့ ဝေဟင် တပ်ဖွဲ့တွေ အသုံးပြု လုပ်ဆောင်ခဲ့ပါတယ်။

ဗုံးတွေ၊ လက်နက်ကြီးတွေ၊ ရော့ကတ် လောင်ချာတွေနဲ့ F-15 တိုက်လေယာဉ်တွေရဲ့ ပစ်ခတ် လေ့ကျင့်မှုတွေကြောင့် တောင်နဲ့မြောက် နယ်ခြားက မိုင် ၂၀ လောက်အကွာ မြစ်ဝှမ်းဒေသမှာ ယမ်းငွေ့တွေ ဖုံးလွှမ်းနေခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်း အလွန်မှာလည်း ရေတပ်က ၃ ရက်မြောက် စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG