တောင်ကိုရီးယား နယ်စပ်နားကို အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကို မြောက်ကိုရီးယားဘက်က ငြင်းဆိုလိုက်ပြီး တောင်ကိုရီးယားဟာ စစ်လိုလားသူ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဒီနေ့ အစောပိုင်းမှာပဲ တောင်ကိုရီးယား သတင်းစာမှာ ၂ နိုင်ငံ ရေပိုင်နက်နားမှာ အမြောက်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး အမြောက်ဆန်တွေ ရေထဲကျသွားခဲ့ပြီး အသေအပျောက်နဲ့ အပျက်အစီး မရှိဘူးလို့ ဖော်ပြထားပါတယ်။
ယုံဗြောင်းကျွန်းပေါ်မှာ ဒုတိယအကြိမ် မြောက်ကိုရီးယားဘက်က တရစပ် ပစ်ခတ်မှုကို ကြားခဲ့ရကြောင်း ယုံဟပ် သတင်းစာမှာ အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးထားပေမဲ့ ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြောက်ကိုရီးယားနိုင်ငံက လာတဲ့ သတင်းတွေအရ မြောက်ကိုရီးယားဟာ အနောက်ပင်လယ်ထဲက ကျွန်း ၅ ကျွန်းနဲ့ နီးကပ်နေတဲ့ တောင်ပိုင်းက ဟွမ်ဂီးပြည်နယ်မှာ အဆောက်အဦး အကြီးကြီးတခု ဆောက်လုပ်နေပြီး ပေါက်ကွဲသံဟာ အဲဒီ ဆောက်လုပ်ရေးက ထွက်လာတဲ့အသံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။