သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ စစ်ဘက်ဆက်သွယ်ရေး လိုင်း မြောက်ပိုင်းဖြတ်တောက်


ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီးယားနိုင်ငံ က တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေးတဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

စစ်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ခြေရှိတာမို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ မလိုအပ်တော့ ဘူးလို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေက တောင်ကိုရီးယား နိုင်ငံဆီ အကြောင်းကြား လိုက်ပြီ ဖြစ်ကြောင်း အစိုးရအာဘော် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဗုဒ္ဓဟူးနေ့ မှာပြောပြီး၊ နိုင်ငံပိုင် ရုပ်သံကနေလည်း ကြေညာ ခဲ့ပါတယ်။

နှစ်နိုင်ငံအကြား စစ်မဲ့ဇုံရဲ့ မြောက်ဘက် Kaesong ပူးတွဲ စက်မှုဇုံမှာရှိတဲ့ အရေးပေါ် တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဗွီအိုအေ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အရင်တုန်းကလည်း ဒီစစ်ဘက်အရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယား ဘက်က ဖြတ်ခဲ့ဖူးတာကြောင့် တောင်ကို ရီးယားအလုပ်သမားတွေ စက်မှုဇုံထဲမှာ ပိတ်မိနေခဲ့ဖူးပါတယ်။ အခု နောက်ဆုံးလုပ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်မှုကြောင့်
စက်မှုဇုံပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားက တောင်ကိုရီးယားအပေါ် နေ့စဉ်လို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာတွေ လုပ်နေချိန်မှာပဲ အခု အဆက်အသွယ် ဖြတ်တဲ့ကိစ္စ ဖြစ်လာတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်တာနဲ့ နောက်ဆုံး လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ခဲ့ တာတွေအပေါ် မြောက်ကိုရီးယားက မကျေမနပ် ဖြစ်နေတာပါ။
XS
SM
MD
LG