သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယား လက္နက္စမ္းသပ္မႈ  ေတာင္ကိုရီးယားေထာက္လွမ္း


စစ္သမုိင္းျပတုိက္မွာေတြ႔ရတဲ့ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ ဒုံးလက္နက္မ်ား

အေမရိကန္ျပည္ေထာင္စုက ေတာင္ကိုရီးယားႏုိင္ငံကို အဆင့္ျမင့္ဂ်က္တုိက္ေလယာဥ္ေတြ ေပးပို႔လိုက္ၿပီးရက္ပုိင္းအၾကာမွာပဲ ေျမာက္ကိုရီးယားႏိုင္ငံက တနဂၤေႏြေန႔မွာ လက္နက္ႀကီးေတြပစ္ခတ္ၿပီး စစ္ေရးေလ့က်င့္ခဲ့ပုံရတယ္လို႔ ေတာင္ကိုရီးယားကေျပာပါတယ္။ ႏွစ္ႏုိင္ငံပူးတြဲစစ္ေရးေလ့က်င့္ဖို႔အတြက္ အေမရိကန္က ေတာင္ကိုရီးယားကို ဂ်က္တိုက္ေလယာဥ္ေတြ ေပးပို႔ခဲ့တာပါ။ ေျမာက္ကိုရီးယားဖက္က ပစ္လႊတ္ခဲ့တယ္လို႔ ယူဆရတဲ့ လက္နက္သြားရာလမ္းေၾကာင္းအေတာ္မ်ားမ်ား တနဂၤေႏြေန႔ခင္းပုိင္းမွာ ေထာက္လွမ္းမိခဲ့တယ္လို႔ ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးမ်ားအဖြဲ႔ခ်ဳပ္အႀကီးအကဲရဲ ႔ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အေမရိကန္နဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္ေနတဲ့ ေတာင္ကိုရီးယားစစ္ဖက္ကလည္း အၿမဲအသင့္ျပင္ဆင္ထားပါတယ္လို႔လည္း ေျပာထားပါတယ္။ ႏုိင္ငံအေနာက္ကမ္းရိုးတန္းရဲ ႔ ေျမာက္ဖက္ပိုင္းကေန လက္နက္ႀကီးေတြပစ္လႊတ္ခဲ့ပုံရတယ္လို႔ ေတာင္ကိုရီးယား သမၼတအိမ္ေတာ္ရုံးက ေျပာပါတယ္။ ႏုိင္ငံေတာ္လုံၿခဳံေရးရာဌာန ညႊန္ၾကားေရးမွဴး Kim Sung-han ကလည္း ေတာင္ကိုရီးယားစစ္ဖက္ရဲ ႔ အသင့္ အေနအထား ျပင္ဆင္ေဆာင္ရြက္မႈေတြကို ေလ့လာဆန္းစစ္ခဲ့သလို ေျမာက္ကုိရီးယားဖက္က လက္နက္ေတြထပ္ ၿပီး ပစ္လႊတ္ႏုိင္ေျခရွိေနတဲ့အေပၚ အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔လည္း ေျပာပါတယ္။
ေျမာက္ကိုရီးယားက ဒီႏွစ္ထဲမွာတင္ လက္နက္အေတာ္မ်ားမ်ား ထူးထူူးျခားျခားပစ္လႊတ္ခဲ့တာပါ။ အဲဒီထဲမွာ ႏ်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏုိင္တဲ့ မစ္ဇိုင္းဒုံးေတြအျပင္ အေမရိကန္ႏုိ္င္ငံကိုေရာ မဟာမိတ္ ေတာင္ကိုရီးယားနဲ႔ဂ်ပန္ႏုိင္ငံထိေရာက္ေအာင္ ပစ္လႊတ္ႏုိင္တဲ့ တာေ၀းပစ္ ဒုံးလက္နက္ေတြလည္းပါ၀င္ပါတယ္။ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္တုိ႔ ေနာင္ေဆြးေႏြးျဖစ္တဲ့အခါ သူ႔အေပၚခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြေျဖေလ ွ်ာ့ေပးေရးနဲ႔ လုံၿခဳံေရး အာမခံခ်က္အတြက္ အေပးအယူလုပ္ႏိုင္ေအာင္ ႔ေျမာက္ကိုရီးယားကလက္နက္နည္းပညာေတြအဆင့္ျမွင့္ဖို႔ က်ိဳးပမ္းေနတာျဖစ္တယ္လို႔ ကၽြမ္းက်င္သူတခ်ဳ႔ိက သုံးသပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားနိုင်ငံကို အဆင့်မြင့်ဂျက်တိုက်လေယာဉ်တွေ ပေးပို့လိုက်ပြီးရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်ခဲ့ပုံရတယ်လို့ တောင်ကိုရီးယားကပြောပါတယ်။ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်က တောင်ကိုရီးယားကို ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့တာပါ။ မြောက်ကိုရီးယားဖက်က ပစ်လွှတ်ခဲ့တယ်လို့ ယူဆရတဲ့ လက်နက်သွားရာလမ်းကြောင်းအတော်များများ တနင်္ဂနွေနေ့ခင်းပိုင်းမှာ ထောက်လှမ်းမိခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးများအဖွဲ့ချုပ်အကြီးအကဲရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတဲ့ တောင်ကိုရီးယားစစ်ဖက်ကလည်း အမြဲအသင့်ပြင်ဆင်ထားပါတယ်လို့လည်း ပြောထားပါတယ်။ နိုင်ငံအနောက်ကမ်းရိုးတန်းရဲ့ မြောက်ဖက်ပိုင်းကနေ လက်နက်ကြီးတွေပစ်လွှတ်ခဲ့ပုံရတယ်လို့ တောင်ကိုရီးယား သမ္မတအိမ်တော်ရုံးက ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေးရာဌာန ညွှန်ကြားရေးမှူး Kim Sung-han ကလည်း တောင်ကိုရီးယားစစ်ဖက်ရဲ့ အသင့် အနေအထား ပြင်ဆင်ဆောင်ရွက်မှုတွေကို လေ့လာဆန်းစစ်ခဲ့သလို မြောက်ကိုရီးယားဖက်က လက်နက်တွေထပ် ပြီး ပစ်လွှတ်နိုင်ခြေရှိနေတဲ့အပေါ် အနီးကပ်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားက ဒီနှစ်ထဲမှာတင် လက်နက်အတော်များများ ထူးထူူးခြားခြားပစ်လွှတ်ခဲ့တာပါ။ အဲဒီထဲမှာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ မစ်ဇိုင်းဒုံးတွေအပြင် အမေရိကန်နိုင်ငံကိုရော မဟာမိတ် တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံထိရောက်အောင် ပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ဒုံးလက်နက်တွေလည်းပါဝင်ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ နောင်ဆွေးနွေးဖြစ်တဲ့အခါ သူ့အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဖြေလေ ျှာ့ပေးရေးနဲ့ လုံခြုံရေး အာမခံချက်အတွက် အပေးအယူလုပ်နိုင်အောင် ့မြောက်ကိုရီးယားကလက်နက်နည်းပညာတွေအဆင့်မြှင့်ဖို့ ကျိုးပမ်းနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတချု့ိက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG