သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားအရေး ကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်


ကိုရီးယားအရေး ကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားကျွန်းပေါ်မှာ တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စနေနေ့က ရွှေ့ဆိုင်းလိုက်တာဟာ ရာသီဥတု ဆိုးဝါးလှတဲ့ အတွက်ကြောင့်သာ ဖြစ်ပြီး ဘယ်လို သံတမန်ရေး ဖိအားတွေကြောင့်မှ မဟုတ်ဘူးလို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ တနင်္ဂနွေနေ့ နေ့လယ် ၁၁ နာရီမှာ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပဖို့ ရှိပါတယ်။ တကယ့်လက်နက်နဲ့ ပစ်ခတ် လေ့ကျင့်မယ့် အစီအစဉ်ကို အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ရုရှားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တရုတ်နိုင်ငံက နှစ်နိုင်ငံလုံးရဲ့ သံအမတ်ကြီးတွေကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။

အဲဒီလို စစ်ရေးလေ့ကျင့်ရင် ပြီးခဲ့တဲ့လက ပစ်ခတ်ခဲ့တာထက် ပိုပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ပိုင်းဖြတ်ထားပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ နောက်ထပ် တင်းမာတဲ့ အခြေအနေတွေ ဖြစ်လာမယ့် ရန်စတဲ့ အပြုအမူတွေ ထပ်ဖြစ်လာမလား ဆိုတဲ့အပေါ် သတိကြီးစွာ စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

XS
SM
MD
LG