သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗိုလွတ်လပ်ရေးကြေညာချက် နိုင်ငံတကာဥပဒေနဲ့ကိုက်ညီ


ကိုဆိုဗိုနိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်မှာ ဆားဘီးယား လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ကြေညာခဲ့တာဟာ နိုင်ငံတကာဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ တရားရုံးက ပြောဆိုလိုက်ပါတယ်။

မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မဟုတ်ပေမဲ့ ကြာသပတေးနေ့က နိုင်ငံတကာ တရားရုံးကနေ အခုလို အသိအမှတ်ပြု ပြောဆိုလိုက်တဲ့အတွက် ကိုဆိုဗိုမြို့တော် Pristina လမ်းမတွေပေါ်မှာ ပြည်သူတွေ အခမ်းအနားတွေ ဆင်နွှဲခဲ့ကြပါတယ်။ အခုဆုံးဖြတ်ချက်က ကမ္ဘာကြီးတခုလုံးအတွက် အကောင်းဆုံးအဖြေ ဖြစ်တယ်လို့ ကိုဆိုဗိုဝန်ကြီး Hashim Thaci က ပြောပါတယ်။

ဆားဘီးယားသမ္မတ Boris Tadic ကတော့ အခု ဆုံးဖြတ်ချက်က ဆားဘီးယားအတွက် မလွယ်လှတဲ့ ဆုံးဖြတ်ချက်ပဲလို့ ဆိုပါတယ်။ ဆားဘီးယားအနေနဲ့ တရားဝင်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတွေသုံးပြီး ကိုဆိုဗိုကို ပြန်ရဖို့ ကြိုးစားသွားမယ်လို့လဲ သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကတော့ ကိုဆိုဗိုကို လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် အသိအမှတ် မပြုသေးတဲ့ နိုင်ငံတွေကို အသိအမှတ်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆာဘီးယားနဲ့ ကိုဆိုဗိုတို့ အတွက် အခုချိန်ဟာ ကွဲလွဲမှုတွေကို ချန်လှပ်ပြီး ဥရောပတိုက်ရဲ့ အနာဂတ်ကို ရှေ့ရှုလို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သင့်တဲ့အချိန် ဖြစ်တယ်လို့လဲ သူက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG