သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KGB ပုံစံထောက်လှမ်းရေးပြန်ဖွဲ့ဖို့ ရုရှားစီစဉ်


FSB လို့ခေါ်တဲ့ ဗဟိုလုံခြုံရေးဌာနအဆောက်အဦး။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)
FSB လို့ခေါ်တဲ့ ဗဟိုလုံခြုံရေးဌာနအဆောက်အဦး။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)

ရုရှားနိုင်ငံမှာ လာမယ့် ၂၀၁၈ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိ လုံခြုံရေးဆိုင်ရာ ဌာန အများစု ပါဝင်မယ့် ကြီးမားတဲ့ ဝန်ကြီးဌာန အသစ်ကြီး တခုကို ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ အမည်မဖေါ်လိုတဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး Kommersant ရုရှားသတင်းစာက ဒီသီတင်းပါတ်ထဲမှာပဲ ဖေါ်ပြလိုက်ပါတယ်။

ဒီသြဇာကြီးမားတဲ့ ဌာနကြီးကို ရုရှားလို MGB လို့ အတိုကောက်ခေါ် မယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနလို့ ခေါ်တွင်မှာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ အရင် ရုရှားအာဏာရှင် Josef Stalin လက်ထက်က ၁၉၄၆ ခုနှစ်ကနေ ၁၉၅၃ ခုနှစ် သူသေဆုံးချိန်အထိ ဖိနှိပ်အုပ်ချုပ်မှုတွေ လုပ်ခဲ့တဲ့ဌာန ကို ပေးခဲ့တဲ့ နာမည်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Stalin ကွယ်လွန်ခဲ့တဲ့ နောက်ပိုင်းမှာ MGB ကို နာမည်ပြောင်းပြီး နိုင်ငံတော် လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ KGB လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။

အခု ဌာနအသစ်ဖြစ်တဲ့ MGB ဟာ FSB လို့ခေါ်တဲ့ လက်ရှိ ဗဟိုလုံခြုံရေးဌာန၊ သမ္မတကို စောင့်ရှောက်ရတဲ့ SPB အပါအဝင် ထိပ်တန်း အရာရှိကြီးတွေကို စောင့်ရှောက်ရတဲ့ FSO လို လုံခြုံရေးဌာနတွေ ကို ပေါင်းစု ဖွဲ့စည်းမှာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် MGB ထဲမှာ ရုရှားနိုင်ငံပြင်ပထောက်လှမ်းရေးဆိုင်ရာ SVR ဌာနလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ MGB ဌာနရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေ ကနေ နိုင်ငံတွင်း အရေးပါတဲ့ ရာဇဝတ်မှုခင်းတွေကို ကိုင်တွယ်မှာ ဖြစ်သလို MGB ဝန်ထမ်းတွေဟာ ပြည်ထဲရေးနဲ့ စုံစမ်း ထောက်လှမ်းရေး ကော်မတီတွေ အပါအဝင် ရုရှားနိုင်ငံတွင်း ကျန် လုံခြုံရေး ဌာနတွေရဲ့ လုပ်ငန်းတွေကိုလည်း ကြီးကြပ်မှာ ဖြစ်ပါတယ်။

KGB ပုံစံထောက်လှမ်းရေးပြန်ဖွဲ့ဖို့ ရုရှားစီစဉ်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG