သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန္ဒပြသူတွေ သေဆုံးဒဏ်ရာရမှုစိုးရိမ်ကြောင်း ရုရှားအစိုးရပြောဆို


FILE - Kremlin spokesman Dmitry Peskov listens during Russian President Vladimir Putin's annual end-of-year news conference in Moscow, Russia, Dec. 19, 2019.
FILE - Kremlin spokesman Dmitry Peskov listens during Russian President Vladimir Putin's annual end-of-year news conference in Moscow, Russia, Dec. 19, 2019.

{{Zawgyi/Unicode}}

မြန်မာနိုင်ငံအတွင်း အရပ်သားသေဆုံးဒဏ်ရာရတာတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ရုရှားနိုင်ငံက ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာဖြင့် မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရုရှားအစိုးရက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြောဆိုတာပါ။

ဖေဖေါ်ဝါရီလကစလို့ စစ်တပ်အာဏာ သိမ်းတာကို ဆန့်ကျင်ကန့်ကွက်သူ အနည်းဆုံး ၇၀ လောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလည်း ပြောဆိုထားပါတယ်။

“မြန်မာပြည်တွင်းအခြေအနေဟာ သတိထား စောင့်ကြည့်နေရမယ့်အခြေအနေဖြစ်နေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အရေအတွက် တိုးလာနေတဲ့သတင်းတွေကြောင့်လည်း ကျနော်တို့ ရတက်မအေးဖြစ်ကြရပါတယ်” လို့ ရုရှားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကသတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

.................................

တိုက်ရိုက် လင့်ခ်

{{Unicode}}



XS
SM
MD
LG