သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူမင်းဘူတာရုံတွင်း တိုက်ခိုက်မှုမသင်္ကာသူအားလုံး တရုတ်ရဲဖမ်းမိ


ယူနန်ခရိုင်၊ ကူမင်းဘူတာရုံ လက်မှတ်ဂိတ်မှာ ထားခဲ့သော ခရီးသွားအိတ်တွေနားမှာ ရဲတပ်ဝင်များ လုံခြုံရေး ယူနေစဉ်။
ယူနန်ခရိုင်၊ ကူမင်းဘူတာရုံ လက်မှတ်ဂိတ်မှာ ထားခဲ့သော ခရီးသွားအိတ်တွေနားမှာ ရဲတပ်ဝင်များ လုံခြုံရေး ယူနေစဉ်။
တရုတ်နိုင်ငံမှာ လူ ၂၉ ဦး သေဆုံးပြီး ၁၄၃ ဦး ဒဏ်ရာရသွားတဲ့ ဓားထိုးမှုတွေကို လုပ်ဆောင်သူတွေလို့ ယူဆရသူ ၃ ဦးကို ဖမ်းဆီးမိထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Abdurehim Kurban ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ကလူတွေ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တာလို့ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဓားထိုးတိုက်ခိုက်သူတွေဟာ မူဆလင်အများစုနေထိုင်တဲ့ ရှင်ဂျန်းဒေသက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဓားထိုးသူ ၄ ဦးကို ပစ်သတ်လိုက်ပြီး တစ်ဦးကို ဖမ်းဆီးမိလိုက်တယ်လို့ ရဲက ပြောပါတယ်။

မှုခင်းပုံတွေအရ သွေးပေလူးနေတဲ့ ရုပ်အလောင်းတွေ ကြမ်းပြင်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ အပြောအရ ဝတ်စုံမည်း ဝတ်ဆင်ထားသူတွေက ရထားဘူတာရုံထဲ ပြေးဝင်ပြီး လူတွေကို ဓားနဲ့ထိုးတာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်ယူ ဝန်ခံပြောကြားမှု မရှိသလို ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတဲ့ ရည်ရွယ်ချက်လည်း မသိရပါဘူး။
XS
SM
MD
LG