သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော


အကျဉ်းကျခံနေရသူ ကာ့ဒ် အလုပ်သမားပါတီခေါင်းဆောင် Abdullah Ocalan ရဲ့ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသူများ။
အကျဉ်းကျခံနေရသူ ကာ့ဒ် အလုပ်သမားပါတီခေါင်းဆောင် Abdullah Ocalan ရဲ့ဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြနေသူများ။

တူရကီနိုင်ငံမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ တရားမဝင်အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီအစိုးရအနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေးရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆယ်စုနှစ်သုံးစုကြာ တူရကီနိုင်ငံအရှေ့တောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေခဲ့ပြီး လူပေါင်း ၄ သောင်း သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန့်ကျင်နေမှုကို အဆုံးသပ်စေရေး ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း KWP ခေါင်းဆောင် Abdullah Ocalan က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Ocalan ရှိရာ အစ္စတန်ဘူလ်မြို့ပြင်က အကျဉ်းထောင်ကို ကာ့ဒ် လိုလားသူ ဥပဒေပြုလွှတ်တော်အမတ်တွေ သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အစိုးရဘက်ကကော ကာ့်ဒ်တွေဘက်ကပါ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အဖြေရရှိအောင် တာဝန်ခံမှု စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်စိတ်ချမှု စတာတွေနဲ့ ညှိနှိုင်းကြမယ်ဆိုရင် လေးလကနေ ငါးလအတွင်းမှာ သဘောတူညီမှု ရနိုင်လိမ့်မယ်လို့ Ocalan က ပြောတယ်လို့ ဆိုပါတယ်။

Ocalan နဲ့ အရာရှိတွေ ကြား ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး၊ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ် အခြေခံမူနဲ့ပတ်သက်ပြီး မကြာခင်မှာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ပြောပါတယ်။

XS
SM
MD
LG