သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kurt Campbell မြန်မာ့အရေး ဂျပန်မှာဆွေးနွေးမည်


မနေ့က အောက်တိုဘာ (၂၃) ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ တရုတ်-အမေရိကန် ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကီ တီယန်ခိုင် (Cui Tiankai) ကို လက်ထောက်ဝန်ကြီး ကင့်ဘဲလ်က ဧည့်ခံတွေ့ဆုံခဲ့ပါတယ်။

အောက်တိုဘာ (၂၄) ရက်နေ့မှာတော့ လက်ထောက်ဝန်ကြီး ကင့်ဘဲလ်ဟာ တိုကျိုမြို့တော်မှာ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီး ချီကာအို ခဝိုင်းယီ (Chikao Kawai) နဲ့တွေ့ဆုံပြီး အောက်တိုဘာ (၂၅) နဲ့ (၂၆) ရက်နေ့တွေမှာ ဂျပန်အရာရှိကြီးတွေနဲ့ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေ၊ ဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ အရေးတွေဖြစ်ကြတဲ့ မြန်မာ၊ အီရန်နဲ့ ဆီးရီးယားအရေးတွေမှာ အမေရိကန်-ဂျပန် ညှိနှိုင်းဆောင်ရွက်ကြ ရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ (၂၆) ရက်နေ့ နဲ့ (၂၇) ရက်နေ့တွေမှာ လက်ထောက်ဝန်ကြီး ကင့်ဘဲလ်ဟာ ဆိုးလ် မြို့တော်မှာ တောင်ကိုးရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ကင်ကျိုဟွန်း (Kim Kyou Hyun) နဲ့ တွေ့ ဆုံပြီးတော့ မြောက်ကိုးရီးယားအရေး၊ စီးပွားရေးကိစ္စရပ်တွေနဲ့ ဒေသတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ အောက်ဆိုဘာ(၂၃) ရက်နေ့ကနေ (၂၇) ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းက ဆန်ဖရန်စစ္စကို (San Francisco) မြို့၊ ဂျပန်နိုင်ငံ၊ တိုကျို (Tokyo) မြို့တော် နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် (Seoul) မြို့တော်တွေကို သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG