သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူဝိတ်ဗလီကို ဆော်ဒီနိုင်ငံသား ဗုံးခွဲ


အသေခံဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကူဝိတ်နိုင်ငံက ရှိယိုက်ဗလီ။ (ဇွန် ၂၆၊ ၂၀၁၅)
အသေခံဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကူဝိတ်နိုင်ငံက ရှိယိုက်ဗလီ။ (ဇွန် ၂၆၊ ၂၀၁၅)

လူ ၂၆ ဦးထက်မနည်း သေဆုံးပြီး အတော်များများဒဏ်ရာရခဲ့တဲ့ ရှီယိုက်ဗလီကို ဗုံးခွဲတိုက်ခိုက်သူဟာ ဆော်ဒီနိုင်ငံသားဖြစ်တယ်လို့ ကူဝိတ်အာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရမ်မဒမ် ကာလအတွင်း ဝတ်ပြုဆုတောင်းနေကြတဲ့ဗလီကို ဗုံးခွဲတိုက်ခိုက်သူဟာ Suleiman Abdulmohsen al-Qaba’a ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ကမ္ဘာ့တိုက်ကြီး ၃ တိုက်က နေရာ ၃ ခုကို သောကြာနေ့တုန်းက အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာမှာ ကူဝိတ်ကဗလီလည်း ပါဝင်ပါတယ်။

အကြမ်းဖက်သမားတွေဟာ ပြင်သစ်နိုင်ငံက ဓာတုပစ္စည်း စက်ရုံတရုံကို တိုက်ခိုက်ခဲ့တာမှာ လူတဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး တူနီးရှားနိုင်ငံ ပင်လယ်ကမ်းခြေက ပစ်ခတ်မှုအတွင်းမှာတော့ လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်အတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။

XS
SM
MD
LG