သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ေငြေၾကးဂယက္ ဘ႑ာေရးဝန္ႀကီး Kwarteng ကို ဖယ္ရွား၊ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Hunt ကို အစားထိုးခန႔္


ၿဗိတိန္မွာ လတ္တေလာ ဘ႑ေရးဝန္ႀကီးKwarteng ေနရာမွာ အစားထိုးခန္႔အပ္လိုက္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Jeremy Hunt (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ၿဗိတိန္မွာ ေငြေၾကးျပႆနာႀကဳံေနခ်ိန္ ဘ႑ာေရးဝန္ႀကီးကို ရာထူးကဖယ္ရွားလိုက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္းကို အစားထိုးခန႔္အပ္လိုက္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Liz Truss ကသတင္းစာရွင္းလင္းခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Liz Truss က ႀကိဳတင္မေၾကညာဘဲ ဒီကေန႔ သတင္းစာရွင္းလင္းပြဲက်င္းပၿပီး ဘ႑ာေရးဝန္ႀကီး Kwasi Kwarteng ကို ထုတ္ခဲ့ရတာအတြက္ ဝမ္းနည္းေပမယ့္ ခက္ခဲခ်ိန္မွာ တိုင္းျပည္အက်ိဳးဦးစားေပးၿပီး စီးပြားတည္ၿငိမ္မႈအတြက္ ကိုင္တြယ္ခဲ့ရတာလို႔ ရွင္းျပပါတယ္။

တလေက်ာ္ပဲတာဝန္ယူရေသးတဲ့ ဝန္ႀကီး Kwarteng နဲ႔ အျမင္တူခဲ့ေပမယ့္ အသစ္ခန႔္လိုက္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Jeremy Hunt ဟာ အျမင္တူတာအျပင္ ပိုၿပီးအေတြ႕အႀကဳံရွိ အမ်ားေလးစားခံရသူျဖစ္တဲ့အတြက္ စီးပြားေရးတိုးတက္ဖို႔ ဆက္လုပ္ႏိုင္မွာပါလို႔ ဝန္ႀကီးခ်ဳပ္ Truss က ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္ Truss က လက္ရွိ ႐ုရွားက်ဳးေက်ာ္စစ္နဲ႔ ကိုဗစ္ေၾကာင့္ ကမာၻ႔စီးပြားေရးထိခိုက္လာခ်ိန္၊ လာမဲ့ေဆာင္းရာသီ အိမ္အေႏြးဓာတ္ေပးစြမ္းအင္ေဈးအပါအဝင္ ႏိုင္ငံသားေတြ ကုန္က်စရိတ္သက္သာေရးအတြက္ ဦးစားေပးလုပ္ေဆာင္သြားမွာပါလို႔ ကတိျပဳခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာအၿပီး ၿဗိတိန္စီးပြားေရး အေျပာင္းအလဲအတြက္ ႏိုင္ငံေရးဖိအားေတြခံေနရတဲ့ ဝန္ႀကီးခ်ဳပ္ Truss အေနနဲ႔ ဝန္ႀကီး Kwarteng ကို ဒီေန႔မနက္ေခၚေတြ႕ၿပီး ထြက္ေပးဖို႔ ေမတၱာရပ္ခံတာကို လက္ခံပါတယ္လို႔ Kwarteng ကလည္း တြစ္တာကေနေျပာလိုက္ပါတယ္။

ဝန္ႀကီး Kwarteng အေနနဲ႔ စီးပြားေရးအေျပာင္းအလဲအတြက္ ႀကီးမားတဲ့ အခြန္ေလ်ာ့ေပါ့ေရး အစီအစဥ္သစ္ကို Mini budget အေသးစားဘတ္ဂ်က္လို႔ နာမည္တပ္ေၾကညာအၿပီး ၃ ပတ္အၾကာမွာ ၿဗိတိန္ေပါင္ေငြတန္ဖိုး စံခ်ိန္တင္ က်ဆင္းသြားခဲ့ပါတယ္။

အက်ိဳးဆက္အေနနဲ႔ ေငြေၾကးေဈးကြက္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားၿပီး ပိုႀကီးမားတဲ့ စီးပြားေရးအၾကပ္အတည္းမျဖစ္လာရေအာင္ ဗဟိုဘဏ္က ဝင္ထိန္းေပးခဲ့ရအၿပီး ဒီေျပာင္းလဲေရးအစီအစဥ္တခ်ိဳ႕ကို ျပန္႐ုပ္သိမ္းေပးဖို႔ ဝန္ႀကီးခ်ဳပ္ Turss ရင္ဆိုင္ေနရပါတယ္။

ဝန္ႀကီး Kwarteng ကေတာ့ အစိုးရရဲ႕ စီးပြားေရးေျပာင္းလဲမႈအစီအစဥ္ကို ကာကြယ္ေျပာဆိုခဲ့ၿပီး လက္ရွိခက္ခဲလြန္းတဲ့ စီးပြားေရးအေျခအေနကို ေက်ာ္လႊားဖို႔ ပုံမွန္အတိုင္းဆက္သြားလို႔ မရေတာ့ဘူးလို႔ ေျပာခဲ့ပါေသးတယ္။ ဒါေပမယ့္ ဒီ အခြန္ေငြ ပမာဏအမ်ားႀကီးေလ်ာ့ေပါ့တဲ့အစီအစဥ္မွာ အစိုးရသုံးေငြအတြက္ ျပန္ျဖည့္ဆည္းမယ့္ အစီအစဥ္မပါခဲ့တဲ့အေပၚ အၿငိမ္းစားလစာရန္ပုံေငြ - ဘတ္ဂ်က္ကေမာက္ကမျဖစ္သြားၿပီး ေဈးကြက္ထဲပါ ဂယက္႐ိုက္သြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ဗြိတိန်ငွေကြေးဂယက် ဘဏ္ဍာရေးဝန်ကြီး Kwarteng ကို ဖယ်ရှား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hunt ကို အစားထိုးခန့်

ဗြိတိန်မှာ ငွေကြေးပြဿနာကြုံနေချိန် ဘဏ္ဍာရေးဝန်ကြီးကို ရာထူးကဖယ်ရှားလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း ဝန်ကြီးချုပ် Liz Truss ကသတင်းစာရှင်းလင်းခဲ့ပါတယ်။

ဝန်ကြီးချုပ် Liz Truss က ကြိုတင်မကြေညာဘဲ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဘဏ္ဍာရေးဝန်ကြီး Kwasi Kwarteng ကို ထုတ်ခဲ့ရတာအတွက် ဝမ်းနည်းပေမယ့် ခက်ခဲချိန်မှာ တိုင်းပြည်အကျိုးဦးစားပေးပြီး စီးပွားတည်ငြိမ်မှုအတွက် ကိုင်တွယ်ခဲ့ရတာလို့ ရှင်းပြပါတယ်။

တလကျော်ပဲတာဝန်ယူရသေးတဲ့ ဝန်ကြီး Kwarteng နဲ့ အမြင်တူခဲ့ပေမယ့် အသစ်ခန့်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremy Hunt ဟာ အမြင်တူတာအပြင် ပိုပြီးအတွေ့အကြုံရှိ အများလေးစားခံရသူဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်ဖို့ ဆက်လုပ်နိုင်မှာပါလို့ ဝန်ကြီးချုပ် Truss က ဆိုပါတယ်။

ဝန်ကြီးချုပ် Truss က လက်ရှိ ရုရှားကျုးကျော်စစ်နဲ့ ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေးထိခိုက်လာချိန်၊ လာမဲ့ဆောင်းရာသီ အိမ်အနွေးဓာတ်ပေးစွမ်းအင်ဈေးအပါအဝင် နိုင်ငံသားတွေ ကုန်ကျစရိတ်သက်သာရေးအတွက် ဦးစားပေးလုပ်ဆောင်သွားမှာပါလို့ ကတိပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာအပြီး ဗြိတိန်စီးပွားရေး အပြောင်းအလဲအတွက် နိုင်ငံရေးဖိအားတွေခံနေရတဲ့ ဝန်ကြီးချုပ် Truss အနေနဲ့ ဝန်ကြီး Kwarteng ကို ဒီနေ့မနက်ခေါ်တွေ့ပြီး ထွက်ပေးဖို့ မေတ္တာရပ်ခံတာကို လက်ခံပါတယ်လို့ Kwarteng ကလည်း တွစ်တာကနေပြောလိုက်ပါတယ်။

ဝန်ကြီး Kwarteng အနေနဲ့ စီးပွားရေးအပြောင်းအလဲအတွက် ကြီးမားတဲ့ အခွန်လျော့ပေါ့ရေး အစီအစဉ်သစ်ကို Mini budget အသေးစားဘတ်ဂျက်လို့ နာမည်တပ်ကြေညာအပြီး ၃ ပတ်အကြာမှာ ဗြိတိန်ပေါင်ငွေတန်ဖိုး စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ ငွေကြေးဈေးကွက် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ပိုကြီးမားတဲ့ စီးပွားရေးအကြပ်အတည်းမဖြစ်လာရအောင် ဗဟိုဘဏ်က ဝင်ထိန်းပေးခဲ့ရအပြီး ဒီပြောင်းလဲရေးအစီအစဉ်တချို့ကို ပြန်ရုပ်သိမ်းပေးဖို့ ဝန်ကြီးချုပ် Turss ရင်ဆိုင်နေရပါတယ်။

ဝန်ကြီး Kwarteng ကတော့ အစိုးရရဲ့ စီးပွားရေးပြောင်းလဲမှုအစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပြီး လက်ရှိခက်ခဲလွန်းတဲ့ စီးပွားရေးအခြေအနေကို ကျော်လွှားဖို့ ပုံမှန်အတိုင်းဆက်သွားလို့ မရတော့ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီ အခွန်ငွေ ပမာဏအများကြီးလျော့ပေါ့တဲ့အစီအစဉ်မှာ အစိုးရသုံးငွေအတွက် ပြန်ဖြည့်ဆည်းမယ့် အစီအစဉ်မပါခဲ့တဲ့အပေါ် အငြိမ်းစားလစာရန်ပုံငွေ - ဘတ်ဂျက်ကမောက်ကမဖြစ်သွားပြီး ဈေးကွက်ထဲပါ ဂယက်ရိုက်သွားခဲ့ပါတယ်။

XS
SM
MD
LG