သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲမြို့အနီး မြောက်ပိုင်း ၃ ဖွဲ့နဲ့ တပ်မတော် တိုက်ပွဲဖြစ်


ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)
ကျောက်မဲမြိုအဝင် ဆိုင်းဘုတ်။ (ဓာတ်ပုံ-ကျောက်မဲ-မင်္ဂလာထွန်း သတင်းစုံ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင်နားက အစိုးရအမြောက်တပ်ရင်းကို လက်နက်ကိုင်အဖွဲ့ တခု က သောကြာနေ့ညမှာ လာရောက် ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး မို့ခံတွေစိုးရိမ်ထိတ်လန့်နေကြကြောင်း ပြောပါတယ်။ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားကို မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့က တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး နောက်တနေ့မှာပဲု အခုလိုဆက်တိုက်တိုက်ခိုက်မှုတွေ ကျယ်ပြန့် လာတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကျောက်မဲမြို့အဝင်ဆိုင်းဘုတ်နားက မြန်မာ့တပ်မတောအမြောက်တပ်ရင်းကို သောြ်ကာည ၉ နာရီခွဲကျော်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ကားနဲ့ လာရောက်ပစ်ခတ်သွားပြီး တမြို့လုံးအနှံ့ နာရီအတော်ကြာ ပစ်ခတ်သံတွေကြားရကြောင်း အမည်မဖေါ်လိုတဲ့ ကျောက်မဲမြို့ခံတဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ရဲ့ ကျောက်မဲမြို့က ကြိုဆိုပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ရှေ့၊ အဲဒီဆိုင်းဘုတ်နားမှာ အမြောက်တပ်ဆိုတာ ရှိတယ်။ အဲဒီအမြောက်တပ်ကို ကားနဲ့လာပြီး ပစ်တယ်လို့ သတင်းကြားတယ်။ အဲဒီနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းဆရာတော်ကို ကျနော်တို့ လှမ်းမေးတယ်။ အဲဒီနားမှာ ဆေးရုံလည်းရှိတာပေါ့နော်။ စိတ်ပူပြီး လှမ်းမေးတဲ့အချိန်မှာ အဲလိုပဲ လာပစ် တယ်။ လာပစ်တဲ့အချိန်မှာ ဒီဘက်ကလည်း …ပြန်ပစ်တေ့ာ ဟိုဘက်ဒီဘက် အခြေအတင် ပစ်ပြီး ဟိုဘက်က ပြေး တာကို ဒီဘက်က ပြန်ပြီးတော့ လိုက်ပစ်တာပေါ့။ တေ ာ်တော်ကို ပစ်ကြတယ်။ အသံက နှစ်နာရီခွဲ သုံးနာရီလောက်တေ့ာ ရှိမယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်လောက် ခြားတယ်။ နာရီဝက်လောက်ခြားတယ်။ ပြီးတော့ ပြန်ပစ်တယ်-အဲလိုလေးတွေပေါ့။ ကျနော်တို့ ကျောက်မဲမြို့လေးရဲ့ ပတ်လည်ပေါ့။ ဟိုဘက်မှာ ကြားလိုက်၊ ဒီဘက်မှာ ကြားလိုက်။

တပ်ကလည်း တောင်နဲ့မြောက်ဘက်မှာလည်း ရှိတော့ သူတို့ပဲ ခြောက်ပစ်တာလား။ ဒါမှမဟုတ်လည်း နှစ်ဘက် အခြေအတင်ပစ်တာလား- အဲဒါတော့ ကျနော်တို့လည်း ကောင်းကောင်းမသိလိုက်ရဘူးဗျ။”

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အာရှလမ်းပေါ်က ပြင်ဦးလွင်၊ နောင်ချို ဂုတ်တွင်းတံတား တိုက်ခိုက်မှုတွေအပြီး အခုလို ကျောက်မဲမြို့ ကိုပါ တိုက်ခိုက်လာတာကြောင့် မိတ္ထီလာ၊ မေမြို့က တပ်ရင်းတွေကို နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့ တလျှောက် စစ်အင်အားတိုးချ ထားကြောင်း ဒေသခံက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား စစ်ရေး ပိုတင်းမာလာတာကြောင့် ရှေ့ဆက်တိုက်ပွဲတွေ ပိုများလာ နိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြို့ခံတွေ အထိန့်တလန့်နေကြရပြီး မိမိတို့ဒေသကနေ ပြောင်းရွှေ့ ထွက်ပြေးချင်စိတ်ပေါက်ကြောင်း ကျောက်မဲမြို့ခံက ပြောပါတယ်။

“အရင်တုန်းက ဗုံးလာခွဲတယ်၊ အုတ်တံတိုင်းပြိုတယ်။ အခုကျတော့ ကားနဲ့လာပစ်တယ်၊ RPG နဲ့- အဲလိုပေါ့။ ဆိုတော့- ကျနော်တို့ မြို့ထဲအထိ ရောက်လာပြီဗျ။ အရင်တုန်းက ဖြစ်တဲ့ဟာတွေကျတော့ မြို့နဲ့ ၁၂ မိုင်တို့၊ ၈ မိုင်တို့ အဲလိုမျိုးမှာ ဖြစ်ကြတယ်။ ပြည်သူတွေကို မထိကြဘူးပေါ့နော်။ အခုဟာက ကျနော်တို့ မြို့ထဲထိ ရောက်လာတော့ ကျောက်မဲတို့၊ သီပေါတို့ မှာ နေနေတဲ့သူတွေအားလုံးက ကျနော်တို့ မြို့ကြီးတွေကို ပြောင်းချင်တယ်။ သို့ပါသော်ငြားလည်း ကျနော်တို့ရဲ့လုပ်ငန်း၊ ကျနော်တို့ရဲ့စီးပွား၊ ကျနော်တို့ မပြောင်းနိုင်တဲ့ ဒုက္ခတွေ အများကြီးရှိတာပေါ့။”

ဒီလိုသာ စစ်ရေး မတည်မငြိမ်မှုတွေ ရှေ့ဆက်ဖြစ်လာရင် စစ်ဘေးရှောင်မယ့် ဒုက္ခသည်တွေ ပိုတိုးလာနိုင်တယ်လို့ သီပေါမြို့က ပရဟိတ လုပ်ဆောင်နေသူတဦးက ခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ ဒီဘက်ခြမ်းမှာ အခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာရင်တော့ အဲဒီ အနီးအနား ဝန်းကျင် ရွာတွေက ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ကြရတာကတော့ အမြဲတမ်း ဖြစ်တာပဲ။ အခု အနေအထားမှာတော့ ဆက်လက်ပြီးတော့ ဒီလိုမျိုးတွေ ဖြစ်မယ်ဆိုရင်တော့ အနီးအနားဝန်းကျင်မှာရှိတဲ့ ရှာတွေက စစ်ဘေးရှောင်ရမယ့် သဘောဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြည်သူလူထုတွေရဲ့ မျက်နှာတွေကို ကြည့်ပြီးတော့မှ အေးချမ်းစွာနဲ့ အားလုံး ငြိမ်းချမ်းရေးလမ်းပေါ်ကို လျှောက်လှမ်းစေချင်ပါတယ်။”

နယ်မြေမအေးချမ်းတာကြောင့် ကျောက်မဲမြို့မှာ စီးပွားရေးထိခိုက်နေရပြီး နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်မှသာ ဒေသခံတွေအတွက် အဆင်ပြေလာနိုင်မယ်လို့ ကျောက်မဲမြို့ခံက တိုက်တွန်းပါတယ်။

“ကျနော်တို့ဘက်မှာက စီးပွားရေးကော၊ နေထိုင်မှုကအစ တော်တော်လေးကို ခဲယဉ်းလာတယ်ဗျ။ ဒီလေးနှစ် ဝန်းကျင်မှာ အခု ကျောက်မဲမြို့ရဲ့ စီးပွားရေးဆိုရင် ဆိုင်ဖွင့်တယ်၊ ထိုင်နေတယ်။ ဝယ်တဲ့လူ မရှိဘူး။ အဲလိုမျိုးတွေ ဖြစ်လာတယ်။ အစိုးရဘက်ကရော၊ တိုင်းရင်းသားစစ်တပ်ဘက်ကရော အကုန်လုံးပေါ့။ စားပွဲပေါ်မှာ ဆွေးနွေးစကားပြောပြီး၊ ညှိပြီးတော့မှ ငြိမ်းချမ်းရေး ရစေချင်တယ်။”

သြဂုတ်(၁၅)ရက် ကြာသပတေးနေ့တုန်းကလည်း ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို တရုတ်မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်၊ ရဲ ၊ အရပ်သားအပါဝင် လူတဒါဇင်ကျော်သေဆုံးခဲ့ရပြီး ကားတွေ မီးလောင်သလို၊ အဆောက်အဦနဲ့ ကုန်သွယ်တံတားကြီးတွေ ပျက်စီးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG