ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာ ဆႏၵျပသူေတြကို စစ္ေကာင္စီတပ္ေတြ ကားနဲ႔ အတင္းဝင္တိုက္ ဖမ္းဆီးခဲ့စဥ္ ဒဏ္ရာေတြနဲ႔ အဖမ္းခံခဲ့ရတဲ့ အမ်ိဳးသမီးသတင္းေထာက္နဲ႔ ဓာတ္ပုံသတင္းေထာက္တို႔ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ စစ္ေကာင္စီက တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။ ဦးေခါင္းပိုင္းအပါအဝင္ တကိုယ္လုံး ဒဏ္ရာေတြရထားတဲ့ သတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းကို ဒီေန႔႐ုံးထုတ္ရာမွာ ေျခေထာက္ဒဏ္ရာ ျပန္မေကာင္းေသးတဲ့အတြက္ လူ ၂ ေယာက္တြဲနဲ႔ သြားလာရတယ္လို႔ ေရွ႕ေနကေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္းကို မဆုမြန္ေျပာျပပါမယ္။
၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၅ ရက္ တနဂၤေႏြေန႔က ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းမေပၚမွာ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္း ခ်ီတက္ဆႏၵျပေနတဲ့ လူအုပ္ထဲကို စစ္တပ္က ကားအရွိန္ျပင္းျပင္းနဲ႔ ဝင္တိုက္ဖမ္းဆီးစဥ္ Myanmar Pressphoto Agency (MPA) သတင္းဌာနက ႐ုပ္သံသတင္းေထာက္ျဖစ္တဲ့ မမႉးရတနာခက္မို႔မို႔ထြန္းနဲ႔ ဓာတ္ပုံ သတင္းေထာက္ ကိုေကာင္းဆက္လင္းတို႔ ဖမ္းဆီးခံခဲ့ၾကရပါတယ္။ အဖမ္းခံရခ်ိန္က မမႉးရတနာ ခက္မို႔မို႔ထြန္း ဦးေခါင္းမွာ ဒဏ္ရာအျပင္းအထန္ရထားသလို ကိုေကာင္းဆက္လင္းဟာလည္း ခါးေအာက္ပိုင္းဒဏ္ရာနဲ႔ ဖမ္းဆီး ခံခဲ့ရတာပါ။ သူတို႔ ၂ ေယာက္လုံးကို အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ေအာင္ ႀကံစည္ေဆာင္႐ြက္မႈ၊ အစိုးရဝန္ထမ္းေတြ ျပစ္မႈက်ဴးလြန္ေအာင္ လႈံ႕ေဆာ္မႈ စတဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဖို႔ စစ္ေကာင္စီက ျပင္ဆင္ေနပါတယ္။
စစ္ေဆး႐ုံမွာ တလေက်ာ္ၾကာ ေဆးကုသမႈ ခံယူခဲ့ရတဲ့ မမႉးရတနာကို ေ႐ႊျပည္သာစစ္ေၾကာေရးမွာ စစ္ေဆးဖို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၁ ရက္မွာ စစ္ေကာင္စီက ေခၚသြားခဲ့ၿပီးေနာက္ ဒီေန႔ ဇန္နဝါရီ ၁၇ ရက္မွာေတာ့ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ တရား႐ုံးမွာ ႐ုံးထုတ္တယ္လို႔ သူ႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။ သူ႔အမႈသည္နဲ႔ စကားေျပာခြင့္ မရခဲ့ေပမဲ့ က်န္းမာေရးအေျခအေနကို အေဝးကေန လွမ္းၾကည့္ခြင့္ရခဲ့တယ္လို႔ ေရွ႕ေနက ေျပာျပပါတယ္။
" သူကေတာ့ေ႐ႊျပည္သာစစ္ေၾကာေရးကေနၿပီးေတာ့မွ ၾကည့္ျမင္တိုင္ၿမိဳ႕မရဲစခန္းကို ျပန္လႊဲေပးလိုက္ၿပီေပါ့ေနာ္။လႊဲ ေပးလိုက္ေတာ့ ဒီေန႔မနက္က်ေနာ္တို႔သြားေတြ႕ေတာ့ လူခ်င္းေတြ႕ဆုံစကားေျပာခြင့္မရဘူး။ သူ႔က်န္းမာေရးကိုသိခ်င္လို႔ ေျပာေတာ့ လူေတာ့ျမင္လိုက္ရတယ္။ အတန္အသင့္သက္သာပါၿပီ အဆိုးဆုံးကေတာ့ ေျခေထာက္ေပါ့။ ေျခေထာက္ ဒဏ္ရာကေတာ့ ဆိုးတာေပါ့။ လမ္းမေလွ်ာက္ႏိုင္ဘူး။ ဓါတ္မွန္ေတြအရလည္း အ႐ိုးက်ိဳးတာမဆက္ေသးဘူး။ ဒီေန႔ ရမန္ထပ္ယူထားတယ္။ ၁၄ရက္ယူထားတယ္။ ၂၈ရက္ေန႔အထိ ရမန္ယူထားတယ္။ ၂၈ရက္က်မွ တရားစြဲအင္းစိန္ ေထာင္ပို႔မယ္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ကနဲ႔ပါဘဲ။ ။ မႈးရတနာကေတာ့ အင္းစိန္ေရာက္ေဆး႐ုံတန္းလႊဲရမွာဘဲ။ လမ္းလုံးဝမေလွ်ာက္ႏိုင္ဘူး။ ၂ေယာက္ တြဲသြားေနရတဲ့အေနအထားေပါ့။ ေျပာမယ္ဆိုရင္ေတာ့တရားခြင္ကိုေရာက္ လာ ႏိုင္စရာအေနအထားမရွိဘူး။ "
စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ကားနဲ႔အတင္းဝင္တိုက္ ဖမ္းဆီးစဥ္ ရရွိခဲ့တဲ့ ဦးေခါင္းဒဏ္ရာေၾကာင့္ သတိေမ့ေရာဂါခံစားေနရသလို၊ အခ်ိန္တိုင္းေခါင္းမူးေနတယ္လို႔ သိရပါတယ္။ ေျခေထာက္မွာလည္း က်ိဳးထားတဲ့အ႐ိုးျပန္မဆက္ေသးတဲ့အတြက္ ဝဲဘက္ေပါင္ အရင္းကေန ေျခဖ်ားထိ ေက်ာက္ပတ္တီး စီးထားရၿပီး လူ၂ ေယာက္နဲ႔ တြဲသြားမွသာ သြားလာႏိုင္တဲ့အေျခအေနျဖစ္ေနတယ္လို႔ ေရွ႕ေနကေျပာပါတယ္။ ေ႐ႊျပည္သာ စစ္ေၾကာေရးမွာ ၅ ရက္ၾကာ ေခၚယူေမးျမန္းခံရတဲ့ အေျခအေနအေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။
မမႉးရတနာနဲ႔အတူ ဆႏၵျပပြဲ သတင္းယူေနစဥ္ စစ္တပ္က ကားနဲ႔အတင္းဝင္တိုက္ဖမ္းဆီးခံခဲ့ရတဲ့ ကိုေကာင္းဆက္ လင္းဟာ လည္း ဒဏ္ရာေတြ အရွင္း မေပ်ာက္ခင္ စစ္ေၾကာေရးမွာ စစ္ေဆးေမးျမန္းခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၀ ရက္ တနလၤာေန႔က အင္းစိန္ေထာင္ကို လႊဲေျပာင္းထားတယ္လို႔ သိရပါတယ္။ ကိုေကာင္းဆက္လင္းရဲ႕ ေနာက္ဆက္တြဲအေျခအေန ကိုလည္း ေရွ႕ေနျဖစ္သူက ခုလိုေျပာျပပါတယ္။
" ကိုေကာင္းဆက္လင္းကေတာ့အင္းစိန္ေထာင္ေရာက္ၿပီးေတာ့မွ သူလည္းဘဲ ၂ပတ္ ရမန္ယူထားတယ္။ ၂၅ရက္ေန႔ မွာသူ႔ကိုအမႈ စြဲတင္ဖို႔ရွိတယ္။၅၀၅-ကႀကီးပါဘဲ. သူလည္းဘဲ ခါးနဲ႔တင္ပဆုံက အေကာင္းႀကီးမဟုတ္ေသးဘူး။ ဆရာတို႔ကသူနဲ႔ အဆက္မရေသးဘူး ႐ုံးခ်ိန္းမွေတြ႕ရမယ္။ "
ဖမ္းခံရခ်ိန္ ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ ရခဲ့တဲ့ သူတို႔ ၂ ေယာက္လုံးကို စစ္ေဆး႐ုံမွာ ကုသမႈေပးေပမဲ့ ေရာဂါ အရွင္းမေပ်ာက္ခင္မွာဘဲ စစ္ေၾကာေရးကို ေခၚယူစစ္ေဆးခံခဲ့ၾကရပါတယ္။ သူတို႔ ၂ ေယာက္လုံးဟာ ဆႏၵျပပြဲသတင္းရယူေနစဥ္ ဖမ္းဆီးခံခဲ့ရတာျဖစ္တယ္လို႔ Myanmar Pressphoto Agency (MPA) သတင္းဌာနက ေျပာၾကားၿပီး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ စစ္ေကာင္စီကေတာ့ သူတို႔ေတြ႕ဟာ ဆႏၵျပပြဲ ေတြမွာ ကိုယ္တိုင္လႈံ႕ေဆာ္ၿပီး သတင္းရယူတဲ့အတြက္ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ စြပ္စြဲထားပါတယ္။
ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ၾသ ဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္ဟာလည္း သူစြဲဆို ခံထားရတဲ့ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-က အမႈ၊ မတရား အသင္းဆက္သြယ္မႈပုဒ္မ ၁၇/၁ တို႔အတြက္ တရားလိုနဲ႔ တရားလိုသက္ေသေတြကို တရား႐ုံးမွာ စတင္စစ္ေဆးၾကားနာမႈေတြ လုပ္ေနၿပီလို႔ ေရွ႕ေနကေျပာပါတယ္။
" ထက္ထက္ခိုင္အမႈကတရားလိုစစ္ၿပီးသြားၿပီ။ တရားလိုစစ္ၿပီးသြားၿပီ အမႈ စစ္စစ္ၿပီးသြားၿပီေနာ္။ အမႈ ၂မႈက ၁၇/၁ က တမႈ၊ ၁၇/၁ က မဂၤလာေတာင္ၫႊန႔္ကစြဲထားတာ။ဗဟန္းကေတာ့ ၅၀၅-က ကတမႈ၊ ဗဟန္းကေတာ့ တရားလိုေကာ အမႈစစ္ေကာစစ္ၿပီးသြားၿပီ။မဂၤလာေတာင္ၫႊန႔္ကေတာ့ တရားလိုဘဲစစ္ရ ေသးတယ္။ မဂၤလာေတာင္ၫႊန႔္က ၁၇/၁ ေနာ္။ က်န္းမာေရးေကာင္းပါတယ္။ က်န္းမာေရးေကာင္းတယ္။ "
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းမီဒီယာလုပ္ငန္း လုပ္ကိုင္ေနသူတခ်ိဳ႕နဲ႔ ၊ အရင္က သတင္းေထာက္ လုပ္ခဲ့ဖူးတဲ့ သတင္းမီဒီယာသမားတခ်ိဳ႕ ဖမ္းဆီးခံရၿပီး၊ ႀကီးေလးတဲ့ ျပစ္ဒဏ္ေတြ ခ်ႏိုင္တဲ့ ပုဒ္မေတြနဲ႔ တရားစြဲထားသလို၊ သတင္းသမားတခ်ိဳ႕ကိုလည္း ေထာင္ခ်ခဲ့ပါတယ္။ သတင္းဌာန ၈ ခုကိုလည္း ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့ပါတယ္။ စစ္တပ္အာဏာသိမ္းၿပီး တဲ့ ေနာက္ ပိုင္း ဖမ္းဆီးခံရတဲ့ သတင္းသမား ၁၀၀ ေက်ာ္ရွိခဲ့ၿပီး ၁၀ ေယာက္ထက္မနည္း ေထာင္ခ်ခံခဲ့ရပါတယ္။ ၅၆ ေယာက္ကေတာ့ ျပန္လည္လြတ္ေျမာက္လာခဲ့တဲ့အတြက္ လက္ရွိမွာ သတင္းသမား အေယာက္ ၅၀ ေလာက္ အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ အမႈရင္ဆိုင္ေနရေၾကာင္း ျပည္တြင္းက သတင္းေထာက္ေတြ ျပဳစုထားတဲ့ စာရင္းအရ သိရပါတယ္။
................................................................................................
ကြည့်မြင်တိုင်ဆန္ဒပြပွဲမှာ ဒဏ်ရာရအဖမ်းခံရသူသတင်းထောက်ရုံးထုတ်
(Unicode)
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေ ကားနဲ့ အတင်းဝင်တိုက် ဖမ်းဆီးခဲ့စဉ် ဒဏ်ရာတွေနဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးသတင်းထောက်နဲ့ ဓာတ်ပုံသတင်းထောက်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စစ်ကောင်စီက တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဦးခေါင်းပိုင်းအပါအဝင် တကိုယ်လုံး ဒဏ်ရာတွေရထားတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ဒီနေ့ရုံးထုတ်ရာမှာ ခြေထောက်ဒဏ်ရာ ပြန်မကောင်းသေးတဲ့အတွက် လူ ၂ ယောက်တွဲနဲ့ သွားလာရတယ်လို့ ရှေ့နေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းငြိမ်း ချမ်းချမ်း ချီတက်ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်တပ်က ကားအရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ဖမ်းဆီးစဉ် Myanmar Pressphoto Agency (MPA) သတင်းဌာနက ရုပ်သံသတင်းထောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းနဲ့ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းတို့ ဖမ်းဆီးခံခဲ့ကြရပါတယ်။ အဖမ်းခံရချိန်က မမှူးရတနာ ခက်မို့မို့ထွန်း ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရထားသလို ကိုကောင်းဆက်လင်းဟာလည်း ခါးအောက်ပိုင်းဒဏ်ရာနဲ့ ဖမ်းဆီး ခံခဲ့ရတာပါ။ သူတို့ ၂ ယောက်လုံးကို အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ကြံစည်ဆောင်ရွက်မှု၊ အစိုးရဝန်ထမ်းတွေ ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှု စတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားစွဲဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
စစ်ဆေးရုံမှာ တလကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရတဲ့ မမှူးရတနာကို ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီက ခေါ်သွားခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာတော့ ကြည့်မြင့်တိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ သူ့အမှုသည်နဲ့ စကားပြောခွင့် မရခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေကို အဝေးကနေ လှမ်းကြည့်ခွင့်ရခဲ့တယ်လို့ ရှေ့နေက ပြောပြပါတယ်။
" သူကတော့ရွှေပြည်သာစစ်ကြောရေးကနေပြီးတော့မှ ကြည့်မြင်တိုင်မြို့မရဲစခန်းကို ပြန်လွှဲပေးလိုက်ပြီပေါ့နော်။လွှဲ ပေးလိုက်တော့ ဒီနေ့မနက်ကျနော်တို့သွားတွေ့တော့ လူချင်းတွေ့ဆုံစကားပြောခွင့်မရဘူး။ သူ့ကျန်းမာရေးကိုသိချင်လို့ ပြောတော့ လူတော့မြင်လိုက်ရတယ်။ အတန်အသင့်သက်သာပါပြီ အဆိုးဆုံးကတော့ ခြေထောက်ပေါ့။ ခြေထောက် ဒဏ်ရာကတော့ ဆိုးတာပေါ့။ လမ်းမလျှောက်နိုင်ဘူး။ ဓါတ်မှန်တွေအရလည်း အရိုးကျိုးတာမဆက်သေးဘူး။ ဒီနေ့ ရမန်ထပ်ယူထားတယ်။ ၁၄ရက်ယူထားတယ်။ ၂၈ရက်နေ့အထိ ရမန်ယူထားတယ်။ ၂၈ရက်ကျမှ တရားစွဲအင်းစိန် ထောင်ပို့မယ် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ပါဘဲ။ ။ မှုးရတနာကတော့ အင်းစိန်ရောက်ဆေးရုံတန်းလွှဲရမှာဘဲ။ လမ်းလုံးဝမလျှောက်နိုင်ဘူး။ ၂ယောက် တွဲသွားနေရတဲ့အနေအထားပေါ့။ ပြောမယ်ဆိုရင်တော့တရားခွင်ကိုရောက် လာ နိုင်စရာအနေအထားမရှိဘူး။ "
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားနဲ့အတင်းဝင်တိုက် ဖမ်းဆီးစဉ် ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သတိမေ့ရောဂါခံစားနေရသလို၊ အချိန်တိုင်းခေါင်းမူးနေတယ်လို့ သိရပါတယ်။ ခြေထောက်မှာလည်း ကျိုးထားတဲ့အရိုးပြန်မဆက်သေးတဲ့အတွက် ဝဲဘက်ပေါင် အရင်းကနေ ခြေဖျားထိ ကျောက်ပတ်တီး စီးထားရပြီး လူ၂ ယောက်နဲ့ တွဲသွားမှသာ သွားလာနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ရှေ့နေကပြောပါတယ်။ ရွှေပြည်သာ စစ်ကြောရေးမှာ ၅ ရက်ကြာ ခေါ်ယူမေးမြန်းခံရတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မမှူးရတနာနဲ့အတူ ဆန္ဒပြပွဲ သတင်းယူနေစဉ် စစ်တပ်က ကားနဲ့အတင်းဝင်တိုက်ဖမ်းဆီးခံခဲ့ရတဲ့ ကိုကောင်းဆက် လင်းဟာ လည်း ဒဏ်ရာတွေ အရှင်း မပျောက်ခင် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် တနင်္လာနေ့က အင်းစိန်ထောင်ကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ ကိုကောင်းဆက်လင်းရဲ့ နောက်ဆက်တွဲအခြေအနေ ကိုလည်း ရှေ့နေဖြစ်သူက ခုလိုပြောပြပါတယ်။
" ကိုကောင်းဆက်လင်းကတော့အင်းစိန်ထောင်ရောက်ပြီးတော့မှ သူလည်းဘဲ ၂ပတ် ရမန်ယူထားတယ်။ ၂၅ရက်နေ့ မှာသူ့ကိုအမှု စွဲတင်ဖို့ရှိတယ်။၅၀၅-ကကြီးပါဘဲ. သူလည်းဘဲ ခါးနဲ့တင်ပဆုံက အကောင်းကြီးမဟုတ်သေးဘူး။ ဆရာတို့ကသူနဲ့ အဆက်မရသေးဘူး ရုံးချိန်းမှတွေ့ရမယ်။ "
ဖမ်းခံရချိန် ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တဲ့ သူတို့ ၂ ယောက်လုံးကို စစ်ဆေးရုံမှာ ကုသမှုပေးပေမဲ့ ရောဂါ အရှင်းမပျောက်ခင်မှာဘဲ စစ်ကြောရေးကို ခေါ်ယူစစ်ဆေးခံခဲ့ကြရပါတယ်။ သူတို့ ၂ ယောက်လုံးဟာ ဆန္ဒပြပွဲသတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ Myanmar Pressphoto Agency (MPA) သတင်းဌာနက ပြောကြားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ စစ်ကောင်စီကတော့ သူတို့တွေ့ဟာ ဆန္ဒပြပွဲ တွေမှာ ကိုယ်တိုင်လှုံ့ဆော်ပြီး သတင်းရယူတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ သြ ဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်ဟာလည်း သူစွဲဆို ခံထားရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အမှု၊ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ တို့အတွက် တရားလိုနဲ့ တရားလိုသက်သေတွေကို တရားရုံးမှာ စတင်စစ်ဆေးကြားနာမှုတွေ လုပ်နေပြီလို့ ရှေ့နေကပြောပါတယ်။
" ထက်ထက်ခိုင်အမှုကတရားလိုစစ်ပြီးသွားပြီ။ တရားလိုစစ်ပြီးသွားပြီ အမှု စစ်စစ်ပြီးသွားပြီနော်။ အမှု ၂မှုက ၁၇/၁ က တမှု၊ ၁၇/၁ က မင်္ဂလာတောင်ညွှန့်ကစွဲထားတာ။ဗဟန်းကတော့ ၅၀၅-က ကတမှု၊ ဗဟန်းကတော့ တရားလိုကော အမှုစစ်ကောစစ်ပြီးသွားပြီ။မင်္ဂလာတောင်ညွှန့်ကတော့ တရားလိုဘဲစစ်ရ သေးတယ်။ မင်္ဂလာတောင်ညွှန့်က ၁၇/၁ နော်။ ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေးကောင်းတယ်။ "
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတချို့နဲ့ ၊ အရင်က သတင်းထောက် လုပ်ခဲ့ဖူးတဲ့ သတင်းမီဒီယာသမားတချို့ ဖမ်းဆီးခံရပြီး၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲထားသလို၊ သတင်းသမားတချို့ကိုလည်း ထောင်ချခဲ့ပါတယ်။ သတင်းဌာန ၈ ခုကိုလည်း ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး တဲ့ နောက် ပိုင်း ဖမ်းဆီးခံရတဲ့ သတင်းသမား ၁၀၀ ကျော်ရှိခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထောင်ချခံခဲ့ရပါတယ်။ ၅၆ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် လက်ရှိမှာ သတင်းသမား အယောက် ၅၀ လောက် အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အမှုရင်ဆိုင်နေရကြောင်း ပြည်တွင်းက သတင်းထောက်တွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။