သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ ကျိုတိုသဘောတူညီချက် သက်တမ်းတိုး


(၁၈) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ ဒိုဟာမြို့တွင် ကျင်းပနေစဉ်။ (နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၂)။
(၁၈) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ ဒိုဟာမြို့တွင် ကျင်းပနေစဉ်။ (နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၂)။
ရာသီဥတုဆိုင်ရာ ကျိုတို သဘောတူညီချက်ကို ရှေ့လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက် သက်တမ်းတိုးသွားဖို့ နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်လာတဲ့ ကာတာနိုင်ငံ ဒိုဟာမြို့က ကုလသမဂ္ဂ ရာသီဥတုညီလာခံက သဘောတူ လိုက်ပါတယ်။ စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာ ဖန်လုံအိမ် ကာဗွန်ဓာတ်ငွေ့တွေ လျှော့ချဖို့ သတ်မှတ်ထားတဲ့ ၁၉၉၇ ခုနှစ် သဘောတူညီချက်ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပေမဲ့ ဒီထက်ပိုမို လုပ်ဆောင်စရာ အများအပြား ရှိနေသေးတယ်လို့ ယုံကြည်ထားတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ကမ္ဘာကြီး ပူနွေးလာတာကို ထိန်းချုပ်နိုင်ဖို့၊ နိုင်ငံတကာက ရည်မှန်းထားတဲ့ အတိုင်း အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် လျှော့ချနိုင်ရေးအတွက် အစိုးရတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ အများပြည်သူက လက်တွေ့ လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းလည်း အတွင်းရေးမှူးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ကျိုတိုစာချုပ်ကို သက်တမ်း တိုးလိုက်ပြီး နောက်မှာတော့ နိုင်ငံတွေ အားလုံးက ဥပဒေအရ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းသစ်တွေ ရေးဆွဲဖို့ကိုတော့ ၂၀၁၅ နှစ်မှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရာသီဥတု ညီလာခံဟာ သောကြာနေ့မှာ နောက်ဆုံးထား ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို ဟန့်တားဖို့နဲ့ ဒီလိုဆောင်ရွက်ရာမှာ ပါဝင်ရမယ့် အခန်းကဏ္ဍတွေ အတွက် ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲနေရာက စနေနေ့အထိ ဆက်လက် ကျင်းပခဲ့ကြရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG