သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ဖွဲ့စေလွှတ်ရေး ကာဂစ္စတန်ပန်ကြားချက် ရုရှား လက်မခံ

တပ်ဖွဲ့စေလွှတ်ရေး ကာဂစ္စတန်ပန်ကြားချက် ရုရှား လက်မခံ
တပ်ဖွဲ့စေလွှတ်ရေး ကာဂစ္စတန်ပန်ကြားချက် ရုရှား လက်မခံ

ကာဂစ္စတန်က လူမျိုးစုပဋိပက္ခကို ကူညီနှိမ်နင်းပေးဖို့ တပ်ဖွဲ့စေလွှတ်ပေးပါလို့ ပန်ကြားတာကို ရုရှား နိုင်ငံက လက်မခံပါဘူး။

ကာဂစ္စတန်နိုင်ငံမှာ လူ ၆၀ ထက်မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ လူမျိုးစု ပဋိပက္ခကို နှိမ်နင်းရေး တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ ရုရှားနိုင်ငံကို ပန်ကြားထားတယ်လို့ ကာဂစ္စတန် ကြားဖြတ်အစိုးရအဖွဲ့ သမ္မတက ပြောလိုက်ပါတယ်။

နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ တောင်ပိုင်း Osh မြို့က အကြမ်းဖက် ပဋိပက္ခတွေ အဆုံးသတ်သွားစေဖို့ ပြင်ပ အကူအညီမပါဘဲ ဒေသအာဏာပိုင်တွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ သမ္မတ Roza Otunbayeva က ဒီကနေ့ စနေနေ့မှာ ပြောလိုက်တာပါ။

သမ္မတ Otunbayeva ဟာ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင်နဲ့ ဒီကနေ့ စကားပြောဆိုခဲ့ပြီး အချိန်အနည်းငယ် ကြာပြီးတဲ့နောက် ကာဂစ္စတန်နိုင်ငံဆီကို ချက်ခြင်းတပ်တွေစေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Osh မြို့က ဥဇဘက်လူမျိုးစုတွေနေထိုင်တဲ့ ရပ်ကွက်ထဲကို လက်နက်ကိုင် လူအုပ်စုတွေ ဝင်လာပြီး အိမ်တွေကို မီးတင်ရှို့ခဲ့တာကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ ဥဇဘက် ကစ္စတန် နယ်စပ်ဒေသကို ထွက်ပြေးခဲ့ကြရပါတယ်။

ဈေးဆိုင်တွေ လုယက်ခံရ၊ အစားအသောက်တွေပြတ်နေပြီး ဒဏ်ရာရလူနာ အများအပြားကို ကုသပေးဖို့ ဆေးရုံတွေ အခက်အခဲ တွေ့နေရတယ်လို အာဏာပိုင်တွေကပြောပါတယ်။

သမ္မတဟောင်း Kurmanbek Bakiyev ကို ပြီးခဲ့တဲ့ဧပြီလမှာ ဖြုတ်ချလိုက်ပြီးကတည်းကဆိုရင် အခုအဖြစ်အပျက်ဟာ တိုင်းပြည်မှာ အဆိုးရွားဆုံး အဖြစ်အပျက်ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG