သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်း ဥဇဘက်ခ် ဒုက္ခသည် သိန်းချီ နယ်စပ်ထွက်ပြေး

ကာဂစ္စတန်နိုင်ငံ တောင်ပိုင်း ဥဇဘက်ခ်နဲ့ နယ်ချင်းဆက် နယ်ခြားမှာ ဥဇဘက်ခ် တိုင်းရင်းသား ၁၀၀,၀၀၀ လောက် ရောက်နေကြပြီလို့ ဥဇဘက်ခ် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။ တိုင်းရင်းသား လူမျိုးတွေကြား အကြမ်းဖက် တိုက်ခိုက်တာတွေကလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

ကြာသပတေးနေ့က စခဲ့တဲ့ မငြိမ်မသက်မှုတွေမှာ ခုထိ လူအနည်းဆုံး ၁၂၄ ယောက် သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ သေသူ အရေအတွက်က ဒါ့ထက် အများကြီး ပိုများတယ်လို့ ဥဇဘက်ခ်လူမျိုး အသိုက်အဝန်း ခေါင်းဆောင်တွေနဲ့ ကြက်ခြေနီ အဖွဲ့ကြီးကတော့ ပြောကြပါတယ်။

ဥဇဘက်ခ် ရပ်ကွက်တွေကို ကာဂစ္စ လူမျိုးတွေက မီးတင်ရှို့ခဲ့ကြတယ်လို့ သက်သေတွေက ပြောကြပါတယ်။ တိုင်းပြည်ရဲ့ တောင်ပိုင်းကို ဥဇဘက်ခ်လူမျိုးတွေက သိမ်းဖို့ ကြိုးစားခဲ့တာကြောင့် သူတို့က ခုခံကာကွယ်နေကြတာ ဖြစ်တယ်လို့ ကာဂစ္စလူမျိုး တချို့က ဆိုကြပါတယ်။

ဂျလာလာဘတ်မြို့မှာ ဘယ်သူဘယ်ဝါ မသိရသေးတဲ့ လူတချို့က လူနာတင်ယာဉ်ကို သိမ်းလိုက်ပြီး ဆရာဝန်တွေကို ရိုက်နှက် ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဒါမီရာ နီယာဇာလီဗာ (Damira Neyazalieva) က ဆိုပါတယ်။

ကာဂစ္စတန် တောင်ပိုင်းဟာ အရင် သမ္မတ ကူမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) အားကောင်းတဲ့ဒေသ ဖြစ်ပါတယ်။ လူ ၈၅ ယောက် သေဆုံးခဲ့တဲ့ ဧပြီ ၇ ရက် အုံကြွမှုမှာ သူ သမ္မတအဖြစ်က ပြုတ်သွားခဲ့တာပါ။

သူက ဘဲလားရုစ်မှာ ခိုနေပြီး အကြမ်းဖက်မှုတွေမှာ သူ မပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကာဂစ္စတန် ကြားဖြတ်အစိုးရဟာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။ သူက ရုရှား ဦးဆောင်တဲ့ စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ဝင် နိုင်ငံတွေက တပ်တွေကို ကာဂစ္စတန်ကို စေလွှတ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

This item is part of
XS
SM
MD
LG