သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဂစ္စတန် ဖွဲ့စည်းပုံသစ် လူထု အတည်ပြု

သမ္မတအာဏာကို လျှော့ချပြီး လွှတ်တော်ရဲ့ အာဏာကို ပိုပေးမယ့် ဖွဲ့စည်းပုံအသစ်ကို ကာဂစ္စတန်နိုင်ငံမှာ မဲဆန္ဒရှင်တွေက အတည်ပြုလိုက်ပါတယ်။

တနိုင်ငံလုံး လူထု ဆန္ဒမဲပေးပွဲ ကျင်းပနေရာမှာ မဲဆန္ဒနယ်မြေ ၆၀% ကျော်ကို မဲရေတွက်ပြီးတဲ့နောက် ရာခိုင်နှုန်း ၉၀ က ဖွဲ့စည်းပုံအသစ်ကို ထောက်ခံကြတယ်လို့ ကော်မရှင်က ပြောပါတယ်။ မဲပေးနိုင်သူ လူဦးရေ ၂,၇၀၀,၀၀၀ နီးနီးရှိတဲ့အနက် ၇၀% မဲလာပေးကြပါတယ်။

လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အတွက် အကြမ်းဖက်တာတွေ ထပ်ဖြစ်လာနိုင်တယ်လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က သတိပေးခဲ့ပေမဲ့ ကြားဖြတ်အစိုးရက ဆန္ဒခံယူပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မငြိမ်မသက် ဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုတော့ ချက်ချင်း မရရှိသေးပါဘူး။

ကာဂစ္စတန် တောင်ပိုင်းမှာ ဇွန်လ ၁၀ ရက်နေ့က လူမျိုးရေး တိုက်ခိုက်မှုတွေ ဖြစ်ပြီး အနည်းဆုံး ၂၇၅ ယောက် သေဆုံးခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG