သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဂစ္စတန် လူမျိုးရေးပဋိပက္ခ သေဆုံးဦးရေ တိုး

A man looks at a vandalized Kyrgyz building in the streets of Osh, 11 Jun 2010
A man looks at a vandalized Kyrgyz building in the streets of Osh, 11 Jun 2010

ကာဂစ္စတန််နိုင်ငံ (Kyrgyzstan) တောင်ပိုင်းမှာ ၃၇ ယောက် အနည်းဆုံး သေဆုံးပြီး၊ ၅၀၀ ကျော် ဒဏ်ရာရသွားတဲ့ အထိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တည်တည်ငြိမ်ငြိမ် ရှိကြဖို့ ယာယီသမ္မတ ရိုဇာ အိုတွန်ဘယီဗာ (Roza Otunbayeva) က ပန်ကြားလိုက်ပါတယ်။ ကာဂစ္စတန််လူမျိုးတွေနဲ့ အုဇ်ဘက် (Uzbek) လူမျိုး တွေကြား ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပဋိပက္ခတွေ စဖြစ်တာဖြစ်ပြီး သောကြာနေ့ အစောပိုင်းအထိ သေနတ်သံတွေ ကြားနေရပါတယ်။

ကာဂစ္စတန်် တောင်ပိုင်းဟာ ဧပြီလက ရာထူးကနေ ဖြုတ်ချခံထားရတဲ့ သမ္မတဟောင်း ကာမန်ဘက် ဘိုင်ရဗ် (Kurmanbek Baiyev) ကို အမာခံထောက်ခံကြတဲ့ ဒေသဖြစ်ပါတယ်။ ဆူပူသူတွေက မှန်တွေကို ရိုက်ခွဲ၊ ကားတွေကိုမီးရှို့၊ ဆိုင်တွေကို ဝင်ရောက် လုယက်တာတွေ လုပ်ခဲ့လို့ Osh မြို့နဲ့ အနားက ဒေသတွေမှာ ယာယီအစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရပါတယ်။

အခင်းဖြစ်တဲ့နေရာတွေဆီ သံချပ်ကာကားတွေ စေလွှတ်ထားပြီး အဲဒီမှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားတယ်လို့ အစိုးရပြောခွင့်ရသူက ပြောပါတယ်။ ဘယ်ကနေစပြီး ပဋိပက္ခဖြစ်တယ် ဆိုတာတော့ ရှင်းရှင်း မသိရသေးပါဘူး။ နိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်သူ အဖွဲ့တွေက ပဋိပက္ခတွေဖြစ်အောင် သွေးထိုးပေးတာလို့ ယာယီသမ္မတ အိုတွန်ဘယီဗာ က Bishkek မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

This item is part of
XS
SM
MD
LG