ရခိုင်ပြည်နယ်တွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဖြစ်စဉ်မှန်ကို အမြန်ဆုံး သတင်းထုတ်ပြန်မှု အားနည်းမှုတွေရှိခဲ့ပြီး လုံခြုံရေးတာဝန်ယူမှု လျော့နည်းခဲ့ရတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြလိုက်ပါတယ်။
ဒေသခံရပ်မိရပ်ဖတွေနဲ့ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင် မတူကွဲပြားတဲ့ အုပ်စုတွေကြားမှာ ချစ်ကြည်မှုတွေရအောင် ဘက်လိုက်မှုကင်းကင်းနဲ့ လုပ်ဆောင်သင့်တယ်လို့လည်း လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူက အကြံပေးလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
ဒေသတွင်းမှာ မမှန်သတင်းတွေ လူထုကြား ပြန့်ကားသွားရာကနေ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ နောင် အလားတူ ပဋိပက္ခတွေ မဖြစ်ပွားရအောင်လို့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေဘက်က သတင်းမှန် ထုတ်ပြန်နိုင်ရေးနဲ့ လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်သင့်ပါတယ်လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
“ဒုချီးရားတန်းကိစ္စရယ်၊ နောက်စစ်တွေမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေရယ်ပေါ့လေ။ ဒါတွေကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ သတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ့သတင်း စတင်ဖြစ်ပေါ်မှုနဲ့ သတင်းအစအနတွေ ရရှိတဲ့အခါမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လူမှုအဖွဲ့အစည်းအသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဘာသာရေး အဖွဲ့အစည်း အသီးသီးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေက ဒီသတင်းအပေါ်မှာ မိမိတို့ရဲ့ ရပ်တည်ချက်တွေ မှန်မှန်ကန်ကန်နဲ့ ရေရှည်ကို မျှော်မှန်းပြီးတော့ လေ့လာ ဆန်းစစ် သုံးသပ်သွားဖို့လိုပါတယ်။ သတင်းတွေအပေါ်မှာ အလေးအနက်ထားပြီးတော့ ချက်ခြင်း အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေမှာလည်း ကျနော်တို့ အားနည်းတာရှိပါတယ်။"
သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကြိုတင်ကာကွယ် အရေးယူမှုတွေကို အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့လည်း ဦးစစ်မြိုင်က ပြောပါတယ်။
“သတင်းထုတ်ပြန်မှုကောင်းရင် အဲ့ဒီ့အခြေအနေကို အချိန်မှီထိန်းသိမ်းနိုင်တာမျိုးလည်း ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်တွေမှာ နံပါတ်တစ် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဒီသတင်းတွေကို ချက်ခြင်း တာဝန်ရှိတဲ့သူတွေက လေ့လာဆန်းစစ်ပြီး သုံးသပ်ဖို့လိုတယ်။ နံပါတ်နှစ် အဲ့ဒီ့သတင်းတွေ အပေါ်မှာ ကြိုတင်ကာကွယ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်။ နောက်ပြီးတော့ သတင်းတွေကို ပြည်သူလူထုကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုတယ်။ ဒါကတော့ ကျနော်တို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေပေါ့လေ။
“ကျန်တဲ့ ကျနော်တို့ Community Leaders တွေ၊ CSO (Civil Society Organizations) တွေအနေနဲ့လည်း သတင်းတွေအပေါ်မှာ သူတို့အဖွဲ့အစည်းတွေအနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရပ်တည်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒါတွေဟာ ဒီလိုဖြစ်ပွားစရာအကြောင်း မရှိဘူးလို့ ကျနော့်အနေနဲ့ လေ့လာဆန်းစစ်ရရှိပါတယ်ခင်ဗျ။”
အရပ်ခေါင်းဆောင်တွေဘက်ကလည်း ဖြစ်ပွားမှုတွေမှာ ဘက်လိုက်မှုမရှိပဲ မှန်မှန်ကန်ကန်ရပ်တည်ပြီးတော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေကို အလေးထားလုပ်ဆောင်သင့်တယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုပြောဆိုခဲ့ပါတယ်။
“ဒီနှစ်ဘက်နားလည်မှုကို ထိခိုက်စေမဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကတော့ လုံးဝ အဆုံးသတ်သွားဖို့လိုတာပေါ့ဗျာ။ ဆိုတော့ ဒီဖြစ်စဉ်လေးတွေက နိုင်ငံတော်နဲ့ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကိုတော့ အနှောင့်အယှက်ဖြစ်ပါတယ် ခင်ဗျ။ ဒါတွေကို မဖြစ်အောင် တာဝန်ရှိတဲ့သူတွေအနေနဲ့ ဖိဖိစီးစီးနဲ့ ဆောင်ရွက်ချက်တွေ လျှင်လျှင်မြန်မြန်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာလေးတော့ အကြံပြုခဲ့တာ ရှိပါတယ်။”
မတူကွဲပြားတဲ့ အုပ်စုတွေကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေ နှောင့်နှေးခဲ့ရတဲ့အပေါ် နှစ်ဖက်စလုံးက ရန်လိုမုန်းတီးမှုတွေကို လျော့ချပြီး ဒေသကောင်းကျိုးကို အတူလက်တွဲ လုပ်ကိုင်ကြပါလို့ မေတ္တာရပ်ခံလိုတဲ့အကြောင်း လို့လည်း လူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူးက ဆိုပါတယ်။
“ကျနော်တို့ နှစ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့လည်း နှစ်ဖက်ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ နိုင်ငံတော်ရဲ့အကျိုးပေါ့လေ။ နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုး အဲဒါကိုလည်း ရှေ့ရှုပြီးတော့ စဉ်းစားဖို့လိုပါတယ်။
“နောက် နိုင်ငံတော်က ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေတဲ့အနေအထားကိုလည်းပဲ သူတို့အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ နောက် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ရိုက်ခတ်မှုရှိတယ်ဆိုတာလေးကိုတော့ နှစ်ဖက်ခေါင်းဆောင်တွေက သိရှိနားလည်ဖို့လိုပါတယ်။
“အသိပညာပေးတဲ့အပိုင်းနဲ့ ဆွေးနွေးတဲ့အပိုင်းတွေက ဆောင်ရွက်နေတာရှိပါတယ်။ ရေရှည်အကျိုးကို မျှော်ကိုးပြီး ဆောင်ရွက်ဖို့လိုတယ် ဆိုတာလေးတွေကတော့ တဖြေးဖြေး သိရှိလာမယ်လို့ ကျနော်တို့ မျှော်မှန်းပါတယ်ဗျာ။”
ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်တွေကစလို့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေကြောင့် လူသေဆုံးခဲ့ရတဲ့အထိဖြစ်ရပြီး အိုးအိမ်တွေ ဖျက်ဆီးခံရသလို နှစ်ဖက်စလုံးက မိသားစုတွေလည်း ဒုက္ခသည်တွေအဖြစ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဒီလိုအဖြစ်အပျက်တွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်နေကြသလို အစိုးရ တာဝန်ရှိသူတွေဘက်ကလည်း ဖြစ်စဉ်တွေမှာ ကော်မရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရတာဖြစ်ပါတယ်။