သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIO ဌာနခ်ဳပ္ လိုင္ဇာမွာ ကိုဗစ္ကူးစက္သူ ပိုတိုးလာ


တ႐ုတ္-ျမန္မာနယ္စပ္၊ လိုင္ဇာၿမိဳ႕ ျမင္ကြင္း။

{{Zawgyi/Unicode}}

ကခ်င္လက္နက္ကိုင္အဖဲြ႔ KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႔မွာ ဒီရက္ပိုင္းအတြင္း COVID -19 ေရာဂါကူးစက္သူ ၂,၀၀၀ ေက်ာ္အထိျမင့္တက္လာေနပါတယ္။ UWSA ဝ ဌာနခ်ဳပ္ ပန္ဆန္းၿမိဳ႕မွာလည္း COVID-19 ေရာဂါ ကူးစက္မႈေတြရိွေနတာေၾကာင့္ ၅ ရက္တာ Lockdown သတ္မွတ္ၿပီး အသြားအလာ ကန္႔သတ္လိုက္ပါတယ္။ တရုတ္-ျမန္မာနယ္စပ္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ထိန္းခ်ဳပ္နယ္ေျမေတြမွာ COVID-19 ေရာဂါ ျပန္လည္ျဖစ္ပြားေနတဲ့ေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

KIO ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕မွာ ေအာက္တိုဘာ လကုန္ပိုင္းကစၿပီး COVID-19 ေရာဂါကူးစက္မႈ တေက်ာ့ျပန္ျမင့္တက္လာေနတာပါ။

ႏိုဝင္ဘာ ၃ ရက္ေန႔မွာ ကိုဗစ္အတည္ျပဳလူနာ ၁၀၀ ေက်ာ္ေလာက္ရိွခဲ့ရာက ႏိုဝင္ ဘာ ၁၀ ရက္ေန႔မွာေတာ့ ၂,၀၀၀ ေက်ာ္အထိ ျမင့္တက္လာေၾကာင္း KIO COVID -19 ေရာဂါ တားဆီးႏွိမ္နင္းေရး ေကာ္မတီ အတြင္းေရးမွဴး ဗိုလ္မႈးႀကီးဟိန္းဝမ္က VOA ကိုေျပာပါတယ္။

“အခု ဒီအေတာအတြင္းမွာ မေန႔ ၁၀ ရက္ (ေန႔) မွာဆုိလုိ႔ရိွရင္ လူနာေတြ အားလံုးလိုင္ဇာမွာ ၂,၂၃၉ ဦးပါခင္ဗ်။ အရင္ ဇြန္၊ ဇူလိုင္မွာဆုိရင္ ၅၀ ၀န္းက်င္ေလာက္ပဲ ရိွတယ္ခင္ဗ်။ အခုဆိုလို႔ရိွရင္ ၂,၀၀၀ ေက်ာ္သြားၿပီဆုိေတာ့ ဒီ Outbreak ျဖစ္တဲ့ ပံုစံလုိမ်ိဳးရိွေနတယ္။”

လိုင္ဇာၿမိဳ႕မွာ ဒီလ ၂ ရက္ေန႔ထဲက စတင္ၿပီး မျဖစ္မေန အိမ္ျပင္ထြက္ဖုိ႔ လိုသူေတြသာ သြားလာၾကဖုိ႔ Lockdown အသြားအလာကန္႔သတ္ခ်က္ေတြ KIO ကထုတ္ျပန္ထားပါတယ္။

KIO အဖဲြ႔ရဲ့ ပညာေရး အေျခခံနယ္ေျမျဖစ္တဲ့ မိုင္ဂ်ာယန္ၿမိဳ႕မွာလည္း COVID-19 ကူးစက္သူ ၇၀၀ ၀န္းက်င္ရိွေနပါတယ္။

“မိုင္ဂ်ာယန္မွာလည္း ၆၀၀ ေက်ာ္ေလာက္ျဖစ္ေသးတယ္။ ေနာက္ၿပီး ဗန္းေမာ္ခရုိင္ အဲဒီဘက္ အင္ဘာဘာဘက္မွာလည္း ၁၀၀ ေက်ာ္လားရိွတယ္ အဲလိုအေျခအေနရိွတယ္ခင္ဗ်။”

မိုင္ဂ်ာယန္မွာေတာ့ ေအာက္တိုဘာလ ၂၈ ရက္ေန႔ကတည္းက Lockdown အသြားအလာ ကန္႔သတ္တာေတြ ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ပိုးေတြ႔လူနာေတြကို စာသင္ေက်ာင္းမွာ သီးသန္႔ခဲြျခားထားၿပီး ေဆးကုသေပးေနသလို ဆိုးဆိုးဝါးဝါး ေရာဂါျပင္းထန္တာမရိွေၾကာင္းနဲ႔ လူ ၂၀ ေလာက္ကိုေတာ့ ၾကပ္မတ္ကုသေဆာင္မွာ ကုသေပးေနၿပီး ႏွစ္ေယာက္ေလာက္ကိုသာ ေအာက္စီဂ်င္ေပးကုသေနေၾကာင္း ေျပာပါတယ္။

ကူးစက္မႈ ျမင့္တက္လာတဲ့အေျခအေနမွာ ေဆးဝါးနဲ႔စားနပ္ရိကၡာ အခက္အခဲရိွလာေၾကာင္းလည္း ဗိုလ္မွဴးႀကီးဟိန္းဝမ္က ေျပာပါတယ္။

“COVID လူနာေတြ မ်ားလာတယ္ဆုိေတာ့ သူတို႔ ေလာေလာဆယ္ႀကံဳေတြ႔ေနရတဲ့ ေခ်ာင္းဆိုးတာ၊ ေခါင္းကိုက္တာ၊ လည္ေခ်ာင္းနာတာ အဲဒါေတြနဲ႔ပတ္သက္ၿပီး ေဆးဝါးေတြ အထူးလိုအပ္ေနတယ္။ ခုနကေျပာတဲ့ ေအာက္စီဂ်င္ေပးတဲ့အဆင့္ တေယာက္၊ ႏွစ္ေယာက္ရိွတယ္။ သူတို႔အတြက္လည္း ေဆးဝါး ႀကိဳတင္စုေဆာင္းတာမ်ိဳးလည္း လိုအပ္တယ္။ အဓိကဆုိရင္ စားနပ္ရိကၡာ က်ေနာ္တုိ႔ သီးသန္႔ဆိုရင္ အာဟာရဘက္ကေရာ၊ ေနာက္ၿပီး ရိကၡာဘက္ေရာ လံုလံုေလာက္ေလာက္ အဲဒါ ျဖည့္ဆည္းႏိုင္ဖို႔ လမ္းေတြကလည္း ပိတ္ဆိုေတာ့ နည္းနည္းေတာ့ အခက္အခဲေတာ့ ရိွတယ္ခင္ဗ်။”

ခုလို ကခ်င္ျပည္နယ္ထဲက KIO ထိန္းခ်ဳပ္ရာ ေနရာတခ်ဳိ႕မွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ျပန္ျဖစ္ေနသလို ႐ွမ္းျပည္နယ္ထဲက ဝတိုင္းရင္းသား လက္နက္ကိုင္ UWSA ဌာနခ်ဳပ္အေျခစိုက္ရာ ပန္ဆန္းမွာလည္း COVID-19 ေရာဂါ ျပန္႔ပြားမႈေၾကာင့္ ဗဟို ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ဦးေဆာင္အဖဲြ႔က ဒီလ ၁၀ ရက္ေန႔ ည ၁၂ နာရီကေန Lockdown ခ်မွတ္ၿပီး တၿမိဳ႕လံုးကို အာေခါင္တို႔ဖတ္ စစ္ေဆးဖို႔ ဆံုးျဖတ္ထားပါတယ္။

ေဒသခံေတြ ပူးေပါင္းပါဝင္ဖုိ႔ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအဖဲြ႔က တိုက္ တြန္းေနသလိုLockdown ျပန္လည္ ေျဖေလ်ာ့မႈေတြကို ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ လုပ္ႏိုင္လိမ့္မယ္လို႔ UWSA ရဲ႕ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအဖဲြ႔က အေရးေပၚ ထုတ္ျပန္ထားပါတယ္။

ၾသဂုတ္လ ၁၈ ရက္ေန႔ကလည္း ပန္ဆန္းၿမိဳ႔မွာ Lockdown ခ်ၿပီး တၿမိဳ႕လံုး အာေခါင္တို႔ဖတ္စစ္ေဆးတာေတြလုပ္ခဲ့ပါတယ္။ လူ ၅၂,၀၀၀ ေက်ာ္ကို စစ္ေဆးရာမွာ Negative အေျဖရတာေၾကာင့္ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ပံုမွန္သြားလာတာေတြ ျပန္လည္ ခြင့္ျပဳခဲ့တာပါ။

ရွမ္းျပည္နယ္အေရွ႕ပိုင္း NDAA အဖဲြ႔ထိန္းခ်ဳပ္ရာ မိုင္းလားေဒသမွာေတာ့ လက္ရိွအေျခအေနမွာ COVID-19 တေက်ာ့ျပန္ကူးစက္မႈမရိွေၾကာင္း မိုင္းလားေဒသ က်န္းမာေရးဌာနက ေျပာပါတယ္။ ႏို၀င္ဘာလ ၈ ရက္ေန႔က ဆီလူးေဒသမွာ Quarantineစင္တာသစ္တစ္ခုကို ဖြင့္လွစ္ခဲ့ၿပီး မိုင္းလားကို လာေရာက္သူေတြကို ၁၄ ရက္ ေစာင့္ၾကပ္ၾကည့္ရႈဖို႔ ျပင္ဆင္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

KIO ဌာနချုပ် လိုင်ဇာမှာ ကိုဗစ်ကူးစက်သူ ပိုတိုးလာ

ကချင်လက်နက်ကိုင်အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဒီရက်ပိုင်းအတွင်း COVID -19 ရောဂါကူးစက်သူ ၂,၀၀၀ ကျော်အထိမြင့်တက်လာနေပါတယ်။ UWSA ဝ ဌာနချုပ် ပန်ဆန်းမြို့မှာလည်း COVID-19 ရောဂါ ကူးစက်မှုတွေရှိနေတာကြောင့် ၅ ရက်တာ Lockdown သတ်မှတ်ပြီး အသွားအလာ ကန့်သတ်လိုက်ပါတယ်။ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ COVID-19 ရောဂါ ပြန်လည်ဖြစ်ပွားနေတဲ့ခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

KIO ဌာနချုပ် လိုင်ဇာမြို့မှာ အောက်တိုဘာ လကုန်ပိုင်းကစပြီး COVID-19 ရောဂါကူးစက်မှု တကျော့ပြန်မြင့်တက်လာနေတာပါ။

နိုဝင်ဘာ ၃ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်လောက်ရှိခဲ့ရာက နိုဝင် ဘာ ၁၀ ရက်နေ့မှာတော့ ၂,၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း KIO COVID -19 ရောဂါ တားဆီးနှိမ်နင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှုးကြီးဟိန်းဝမ်က VOA ကိုပြောပါတယ်။

“အခု ဒီအတောအတွင်းမှာ မနေ့ ၁၀ ရက် (နေ့) မှာဆိုလို့ရှိရင် လူနာတွေ အားလုံးလိုင်ဇာမှာ ၂,၂၃၉ ဦးပါခင်ဗျ။ အရင် ဇွန်၊ ဇူလိုင်မှာဆိုရင် ၅၀ ဝန်းကျင်လောက်ပဲ ရှိတယ်ခင်ဗျ။ အခုဆိုလို့ရှိရင် ၂,၀၀၀ ကျော်သွားပြီဆိုတော့ ဒီ Outbreak ဖြစ်တဲ့ ပုံစံလိုမျိုးရှိနေတယ်။”

လိုင်ဇာမြို့မှာ ဒီလ ၂ ရက်နေ့ထဲက စတင်ပြီး မဖြစ်မနေ အိမ်ပြင်ထွက်ဖို့ လိုသူတွေသာ သွားလာကြဖို့ Lockdown အသွားအလာကန့်သတ်ချက်တွေ KIO ကထုတ်ပြန်ထားပါတယ်။

KIO အဖွဲ့ရဲ့ ပညာရေး အခြေခံနယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မြို့မှာလည်း COVID-19 ကူးစက်သူ ၇၀၀ ဝန်းကျင်ရှိနေပါတယ်။

“မိုင်ဂျာယန်မှာလည်း ၆၀၀ ကျော်လောက်ဖြစ်သေးတယ်။ နောက်ပြီး ဗန်းမော်ခရိုင် အဲဒီဘက် အင်ဘာဘာဘက်မှာလည်း ၁၀၀ ကျော်လားရှိတယ် အဲလိုအခြေအနေရှိတယ်ခင်ဗျ။”

မိုင်ဂျာယန်မှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့ကတည်းက Lockdown အသွားအလာ ကန့်သတ်တာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ပိုးတွေ့လူနာတွေကို စာသင်ကျောင်းမှာ သီးသန့်ခွဲခြားထားပြီး ဆေးကုသပေးနေသလို ဆိုးဆိုးဝါးဝါး ရောဂါပြင်းထန်တာမရှိကြောင်းနဲ့ လူ ၂၀ လောက်ကိုတော့ ကြပ်မတ်ကုသဆောင်မှာ ကုသပေးနေပြီး နှစ်ယောက်လောက်ကိုသာ အောက်စီဂျင်ပေးကုသနေကြောင်း ပြောပါတယ်။

ကူးစက်မှု မြင့်တက်လာတဲ့အခြေအနေမှာ ဆေးဝါးနဲ့စားနပ်ရိက္ခာ အခက်အခဲရှိလာကြောင်းလည်း ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

“COVID လူနာတွေ များလာတယ်ဆိုတော့ သူတို့ လောလောဆယ်ကြုံတွေ့နေရတဲ့ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ အဲဒါတွေနဲ့ပတ်သက်ပြီး ဆေးဝါးတွေ အထူးလိုအပ်နေတယ်။ ခုနကပြောတဲ့ အောက်စီဂျင်ပေးတဲ့အဆင့် တယောက်၊ နှစ်ယောက်ရှိတယ်။ သူတို့အတွက်လည်း ဆေးဝါး ကြိုတင်စုဆောင်းတာမျိုးလည်း လိုအပ်တယ်။ အဓိကဆိုရင် စားနပ်ရိက္ခာ ကျနော်တို့ သီးသန့်ဆိုရင် အာဟာရဘက်ကရော၊ နောက်ပြီး ရိက္ခာဘက်ရော လုံလုံလောက်လောက် အဲဒါ ဖြည့်ဆည်းနိုင်ဖို့ လမ်းတွေကလည်း ပိတ်ဆိုတော့ နည်းနည်းတော့ အခက်အခဲတော့ ရှိတယ်ခင်ဗျ။”

ခုလို ကချင်ပြည်နယ်ထဲက KIO ထိန်းချုပ်ရာ နေရာတချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပြန်ဖြစ်နေသလို ရှမ်းပြည်နယ်ထဲက ဝတိုင်းရင်းသား လက်နက်ကိုင် UWSA ဌာနချုပ်အခြေစိုက်ရာ ပန်ဆန်းမှာလည်း COVID-19 ရောဂါ ပြန့်ပွားမှုကြောင့် ဗဟို ရောဂါကာကွယ်ထိန်းချုပ်ရေး ဦးဆောင်အဖွဲ့က ဒီလ ၁၀ ရက်နေ့ ည ၁၂ နာရီကနေ Lockdown ချမှတ်ပြီး တမြို့လုံးကို အာခေါင်တို့ဖတ် စစ်ဆေးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒေသခံတွေ ပူးပေါင်းပါဝင်ဖို့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က တိုက် တွန်းနေသလိုLockdown ပြန်လည် ဖြေလျော့မှုတွေကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ လုပ်နိုင်လိမ့်မယ်လို့ UWSA ရဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က အရေးပေါ် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကလည်း ပန်ဆန်းမြို့မှာ Lockdown ချပြီး တမြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ လူ ၅၂,၀၀၀ ကျော်ကို စစ်ဆေးရာမှာ Negative အဖြေရတာကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှာ ပုံမှန်သွားလာတာတွေ ပြန်လည် ခွင့်ပြုခဲ့တာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း NDAA အဖွဲ့ထိန်းချုပ်ရာ မိုင်းလားဒေသမှာတော့ လက်ရှိအခြေအနေမှာ COVID-19 တကျော့ပြန်ကူးစက်မှုမရှိကြောင်း မိုင်းလားဒေသ ကျန်းမာရေးဌာနက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ဆီလူးဒေသမှာ Quarantineစင်တာသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး မိုင်းလားကို လာရောက်သူတွေကို ၁၄ ရက် စောင့်ကြပ်ကြည့်ရှုဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။

#KIO #Laiza #COVID #voaburmese #လိုင်ဇာ #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG