သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီတလီအေျပးသမား ကမ႓ာ့အေျပးအျမန္ဆံုးခ်ံပီယံျဖစ္လာ


အမ်ဳိးသားမီတာ ၁၀၀ ေရႊတံဆိပ္ဆုရွင္ အီတလီႏိုင္ငံသားLamont Marcell Jacobs

Zawgyi/Unicode
တခ်ိန္က အိုလံပစ္အားကစားပြဲ အမ်ားအျပားမွာ အႏိုင္ရခဲ့ၿပီး ကမာၻ႔အေျပးအျမန္ဆုံးလူသားအျဖစ္ လူသိမ်ားတဲ့ တာတိုအေျပးသမား Usain Bolt ေနရာမွာ ဒီႏွစ္ေတာ့ အီတလီ အားကစားသမား Lamont Marcell Jacobs က ေနရာယူလိုက္ပါၿပီ။
အေမရိကန္ျပည္ေထာင္စု Taxes ျပည္နယ္မွာ ေမြးခဲ့တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ အီတလီႏိုင္ငံသား Jacobs ဟာ အမ်ိဳးသား မီတာ ၁၀၀ အေျပးၿပိဳင္ပြဲမွာ ၉.၈ စကၠန႔္နဲ႔ အျမန္ဆုံးေျပးႏိုင္ခဲ့လို႔ေ႐ႊတံဆိပ္ဆု ဆြတ္ခူး ရရွိသြားၿပီး လက္ရွိအိုလံပစ္ၿပိဳင္ပြဲေတြအတြင္း အီတလီႏိုင္ငံအတြက္ ပထမဆုံး ေ႐ႊတိဆိပ္ ဆြတ္ခူးေပးလိုက္တာပဲ ျဖစ္ပါတယ္။ သူ႔ေနာက္မွာေတာ့ ၉.၈၄ စကၠန႔္အတြင္း ပန္းတိုင္ေရာက္ခဲ့တဲ့ အေမရိကန္အေျပးသမား Fred Kerley က ေငြတံဆိပ္ဆုနဲ႔ ၉.၈၉ စကၠန႔္ၾကာခဲ့တဲ့ ကေနဒါႏိုင္ငံသား Andre DeGrasse က ေၾကးတံဆိပ္ဆုေတြ အသီးသီး ဆြတ္ခူးခဲ့ၾကတာပါ။
အမ်ိဳးသမီး မီတာ ၁၀၀ အေျပးၿပိဳင္ပြဲမွာေတာ ေပၚတိုရီကိုႏိုင္ငံသူ Jasmine Camacho-Quinn က ေ႐ႊတံဆိပ္ဆု ဆြတ္ခူးခဲ့ပါတယ္။ အမ်ိဳးသား အျမင့္ခုန္ၿပိဳင္ပြဲမွာေတာ့ အီတလီနဲ႔ ကာတာႏိုင္ငံက အားကစားသမားႏွစ္ဦး အမွတ္တူေနတာေၾကာင့္ ေ႐ႊတံဆိပ္ဆုကို ပူးတြဲေပးအပ္ဖို႔ ပြဲတာဝန္ရွိသူေတြက ဆုံးျဖတ္ခဲ့ၾကပါတယ္။
လက္ရွိအိုလံပစ္ၿပိဳင္ပြဲေတြမွာ တ႐ုတ္ႏိုင္ငံက ေလာေလာဆယ္ ေ႐ႊတံဆိပ္ ၂၈ ခုနဲ႔ ေ႐ႊတံဆိပ္ အမ်ားဆုံးရထားၿပီး အေမရိကန္ျပည္ေထာင္စုက ေ႐ႊတံဆိပ္ ၂၁ ခုနဲ႔ ဒုတိယအမ်ားဆုံးႏိုင္ငံအျဖစ္ ရွိေနပါတယ္။
အိမ္ရွင္ ဂ်ပန္ႏိုင္ငံကေတာ့ ေ႐ႊတံဆိပ္ ၁၇ ခုနဲ႔ တတိယ အမ်ားဆုံးရထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

အီတလီအပြေးသမား ကမ္ဘာ့အပြေးအမြန်ဆုံးချံပီယံဖြစ်လာ

တချိန်က အိုလံပစ်အားကစားပွဲ အများအပြားမှာ အနိုင်ရခဲ့ပြီး ကမ္ဘာ့အပြေးအမြန်ဆုံးလူသားအဖြစ် လူသိများတဲ့ တာတိုအပြေးသမား Usain Bolt နေရာမှာ ဒီနှစ်တော့ အီတလီ အားကစားသမား Lamont Marcell Jacobs က နေရာယူလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စု Taxes ပြည်နယ်မှာ မွေးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အီတလီနိုင်ငံသား Jacobs ဟာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉.၈ စက္ကန့်နဲ့ အမြန်ဆုံးပြေးနိုင်ခဲ့လို့ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိသွားပြီး လက်ရှိအိုလံပစ်ပြိုင်ပွဲတွေအတွင်း အီတလီနိုင်ငံအတွက် ပထမဆုံး ရွှေတိဆိပ် ဆွတ်ခူးပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ ၉.၈၄ စက္ကန့်အတွင်း ပန်းတိုင်ရောက်ခဲ့တဲ့ အမေရိကန်အပြေးသမား Fred Kerley က ငွေတံဆိပ်ဆုနဲ့ ၉.၈၉ စက္ကန့်ကြာခဲ့တဲ့ ကနေဒါနိုင်ငံသား Andre DeGrasse က ကြေးတံဆိပ်ဆုတွေ အသီးသီး ဆွတ်ခူးခဲ့ကြတာပါ။
အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာတော ပေါ်တိုရီကိုနိုင်ငံသူ Jasmine Camacho-Quinn က ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲမှာတော့ အီတလီနဲ့ ကာတာနိုင်ငံက အားကစားသမားနှစ်ဦး အမှတ်တူနေတာကြောင့် ရွှေတံဆိပ်ဆုကို ပူးတွဲပေးအပ်ဖို့ ပွဲတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
လက်ရှိအိုလံပစ်ပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံက လောလောဆယ် ရွှေတံဆိပ် ၂၈ ခုနဲ့ ရွှေတံဆိပ် အများဆုံးရထားပြီး အမေရိကန်ပြည်ထောင်စုက ရွှေတံဆိပ် ၂၁ ခုနဲ့ ဒုတိယအများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။
အိမ်ရှင် ဂျပန်နိုင်ငံကတော့ ရွှေတံဆိပ် ၁၇ ခုနဲ့ တတိယ အများဆုံးရထားပါတယ်။

#JapanOlympic #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG